WeChat အပေါ်ပိတ်ပင်မှု သုံးစွဲသူတွေအပေါ် မသက်ရောက်

ထရမ့်အစိုးရရဲ့ WeChat အပေါ် ပိတ်ပင်မှုက သုံးစွဲသူတွေအပေါ် မသက်ရောက်ဘူးလို့ အမှုတွဲမှာ ဖော်ပြထားပါတယ်။ အစိုးရရဲ့အမှုတွဲက WeChat သုံးစွဲသူအဖွဲ့တစ်ခုက ဩဂုတ်လအတွင်း အမှုဖွင့်ထားတာကို ပြန်လည် တုံ့ပြန်ထားတာ ဖြစ်ပါတယ်။ WeChat နောက်ကွယ်က ကုမ္ပဏီနဲ့ မပတ်သက်တဲ့ တရားစွဲဆိုသူက သမ္မတဒေါ်နယ်ထရမ့်ရဲ့ ပိတ်ပင်မှုကို အခြေခံဥပဒေနဲ့ မကိုက်ညီဘူးလို့ ပြောဆိုထားပါတယ်။

ဩဂုတ် ၆ ရက်က ထရမ့်ဟာ TenCent ပိုင်ဆိုင်တဲ့ WeChat ဟာ နိုင်ငံတော်လုံခြုံရေးအတွက် စိုးရိမ်စရာလို့ ခေါ်ဆိုပြီး အမေရိကန်မှာ စီးပွားရေးပြုလုပ်ခွင့်ကို ပိတ်ပင်တဲ့ နိုင်ငံတော်အမိန့်စာကို လက်မှတ်ထိုးခဲ့ပါတယ်။ အမေရိကန် တရားရေးဌာနက WeChat သုံးစွဲသူတွေအပေါ် အမိန့်စာထုတ်ပြီး မတားမြစ်ထားဘူးလို့ အမှုတွဲမှာ ဖော်ပြထားပါတယ်။

-စိုးထက်
Ref: CNET

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««