WeChat ကို ပိတ်ပင်မယ့် အစီအစဉ် မအောင်မြင်

အမေရိကန်အစိုးရက တရုတ် messaging နဲ့ ငွေပေးချေမှု app WeChat ကို ပိတ်ပင်ဖို့ ကြိုးစားမှုကို တရားသူကြီးက တားဆီးလိုက်ပါတယ်။

အမေရိကန် အောက်ရုံးတရားသူကြီး လောရယ်ဘီလာက WeChat ပိတ်ပင်မှုဟာ အမေရိကန်အခြေခံဥပဒေရဲ့ ပထမဆုံးပြင်ဆင်ချက် လွတ်လပ်စွာပြောဆိုခွင့် အာမခံမှုအပေါ် မေးခွန်းထုတ်ခဲ့ပါတယ်။ တနင်္ဂနွေနေ့က အမေရိကန်ကုန်သွယ်ရေးဌာနက WeChat ကို US app store တွေက ပိတ်ပင်မယ့် ကိစ္စအပေါ်ပြောခဲ့ပါတယ်။ WeChat ဟာ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ ထရမ့်အစိုးရက ပြောခဲ့ပါတယ်။ အချက်အလက်တွေကို တရုတ်အစိုးရဆီ ပေးပို့နိုင်တယ်လို့ ပြောထားပါတယ်။

WeChat နဲ့တရုတ်ကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ WeChat ပိုင်ဆိုင်တဲ့ Tencent ကတော့ အမေရိကန်မှာ ပိတ်ပင်ခံရမယ့်ကိစ္စက ကံမကောင်းအကြောင်းမလှမှုတစ်ရပ်လို့ ပြောထားခဲ့ဖူးပါတယ်။ အမေရိကန် WeChat သုံးစွဲသူအဖွဲ့တစ်ခုက နိုင်ငံအတွင်း WeChat ပိတ်ပင်မယ့် သမ္မတဒေါ်နယ်ထရမ့်ရဲ့ နိုင်ငံတော်အမိန့်စာကို စိန်ခေါ်ဖို့ တရားစွဲဆိုခဲ့ပါတယ်။ သမ္မတနိုင်ငံတော်အမိန့်စာ တားဆီးမှုက စိတ်ပျက်စရာကောင်းပြီး နိုင်ငံတော်လုံခြုံရေး ခြိမ်းခြောက်မှု ဖြေရှင်းမယ့် နည်းလမ်းရဲ့ သမ္မတစိတ်ပိုင်းဖြတ်မှုကို ဖယ်ရှားနိုင်တယ်လို့ ပြောထားပါတယ်။

-စိုးထက်
Ref: BBC

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««