Webster University Thailand Campus ၏ Master တန်းများအတွက် ၅၀ ရာခိုင်နှုန်းပညာသင်ဆုများလျှောက်ထားနိုင်မည်

ထိုင်းနိုင်ငံ၊ Bangkok နဲ့ Hua Hin မြို့တို့မှာ ဖွင့်လှစ်ထားတဲ့ အမေရိကန်တက္ကသိုလ် Webster University ကျောင်းခွဲမှာ ၂၀၂၁ ခုနှစ်၊ ကျောင်းဖွင့်ချိန်တွေအတွက် ၁၂ လ မှ ၂၈ လခန့် အထိ ကြာမြင့်တဲ့ Master တန်းတွေအတွက် ၅၀ ရာခိုင်နှုန်း အထိ ပညာသင်ဆုတွေ လျှောက်ထားရယူနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Webster University ရဲ့ Business နဲ့ Management Programs တွေကို Accreditation for Business Schools and Programs (ACCBSP) မှ အသိအမှတ်ပြုထားပြီး Webster University St.Louis (USA Campus) မှ တိုက်ရိုက် ချီးမြှင့်တဲ့ ဘွဲ့လက်မှတ်ကို ရရှိမှာဖြစ်ပါတယ်။ ပညာသင်ဆုဖြင့် Masters of Business Administrations (MBA), Areas of Emphasis with MBA are Corporate Finance, Cybersecurity, Digital Marketing Management, Health Administration, Marketing, Project Management, Dual Degree Options with the MBA are MBA/MHA, MBA/MS Finance, MBA/MS Marketing, MBA/MA Management and Leadership, MBA/MA Information Technology Management, MBA/MA Procurement and Acquisitions Management, MBA/MA Human Resources Management, MBA/MA Business and Organizational Security Management , MBA/MA Human Resources Development, Masters in International Relations (MAIR) ရွေးချယ် တက်ရာက်နိုင်ပြီး Bangkok Academic Center မှာ သင်ယူရမှာ ဖြစ်ပါတယ်။

အသိအမှတ်ပြု ဘွဲ့ဒီဂရီတစ်ခု ရှိထားသူများ၊ IELTS (6.5) သို့ TOEFL paper-based 575 ရှိထားသူများ ကျောင်းလျှောက်ထားနိုင်ပြီး IELTS or TOEFL မရှိပါက Webster University ရဲ့ English Placement Test ကို ဖြေဆိုနိုင်မှာဖြစ်ပါတယ်။

မတ်၊ မေ၊ ဩဂုတ်၊ အောက်တိုဘာ အစရှိတဲ့ ကျောင်းဖွင့်ချိန်တွေအတွက် ကျောင်းလျှောက်ထားနိုင်ပြီး ပညာသင်ဆု လျှောက်ထားလိုသူတွေအနေနဲ့ MSI ပညာရေးဝန်ဆောင်မှု ဝ၉ ၅၁၀ ၃၉၁၅ နဲ့ ၀၉၄၂၀၀ ၃၇၆၁၆ ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်။

-သန္တာ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««