Webster University Thailand Campus ၏ ၅၀ ရာခိုင်နှုန်း ပညာသင်ဆုများ လျှောက်ထားနိုင်

အမေရိကန်အခြေစိုက်တက္ကသိုလ် Webster University Thailand Campus ရဲ့ ၅၀ ရာခိုင်နှုန်း ပညာသင်ဆုကို MSI နိုင်ငံခြားပညာရေး ဝန်ဆောင်မှုမှ တစ်ဆင့် လျှောက်ထားနိုင်မယ်လို့သိရပါတယ်။

သြဂုတ်လ ကျောင်းဖွင့်ချိန်အတွက် MSI Overseas Education မှာ ပညာရေးစာရွက်စာတမ်း အပြည့်အစုံနဲ့ ကျောင်းလျှောက်ထားပါက ၅၀ ရာခိုင်နှုန်း အထိ ပညာသင်ဆုများ ရရှိအောင် ကူညီလျှောက်ထားပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Webster University ရဲ့ ပညာသင်ဆုမှာ ဘွဲ့ဒီဂရီတန်း (၄) နှစ်စာလုံး အတွက် နှစ်စဉ်ပေးအပ်မှာဖြစ်ပြီး (၁၈ လ မှ ၂၄ လ) အထိ ကြာမြင့်တဲ့ ဘွဲ့လွန်တန်းအတွက်ဖြစ်ပါတယ်။ ဘွဲ့ဒီဂရီတန်းအတွက် ကျောင်းလျှောက်ထားမယ့်သူတွေ အနေနဲ့ သြဂုတ် ၁၈ ရက် နောက်ဆုံးထား၍သော်လည်းကောင်း ၊ ဘွဲ့လွန်တန်းအတွက် သြဂုတ် ၁၁ ရက် နောက်ဆုံးထား၍သော်လည်းကောင်း လျှောက်ထားရမှာဖြစ်ပါတယ်။

Webster University မှာအမေရိကန် အခြေစိုက်တက္ကသိုလ်ဖြစ်ပြီး ထိုင်းနိုင်ငံရှိ ဘန်ကောက်နဲ့ ဟွာဟင်း မြို့တို့မှာ ကျောင်းခွဲများ ဖွင့်လှစ်ထားကာ Non-Profit အမေရိကန်တက္ကသိုလ်ဖြစ်ပြီး ၁၉၂၅ ခုနှစ်တွင် Higher Learning Commission နဲ့ ထိုင်းပညာရေး ဝန်ကြီးဌာနမှ အသိအမှတ်ပြုထားပါတယ်။ Webster University ၏ Business နှင့် Management Programs တွေကို Accreditation for Business Schools and Programs (ACCBSP) မှ အသိအမှတ်ပြုထားပြီး စာသင်ခန်းတစ်ခုစီတွင် အများဆုံး အယောက် (၂၀) သာ ထားရှိတယ်လို့ သိရပါတယ်။

လျှောက်ထားလိုသူတွေအနေနဲ့ ဖုန်း – ၀၉၅၁၀၃၉၁၅ နဲ့ ၀၉၄၂၀၀၃၇၆၁၆ ကိုဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

-သန္တာ