Webster University Thailand Campus မှ ၅၀ ရာခိုင်နှုန်း ပညာသင်ဆုလျှောက်ထားနိုင်

အမေရိကန်အခြေစိုက်တက္ကသိုလ် Webster University Thailand Campus ရဲ့ ၅၀ ရာခိုင်နှုန်း ပညာသင်ဆုကို အောက်တိုဘာ ကျောင်းဖွင့်ချိန်အတွက် လျှောက်ထားနိုင်မယ်လို့သိရပါတယ်။

Webster’s Scholarship မှာဘွဲ့ဒီဂရီတန်း (၄) နှစ်စာလုံးအတွက် နှစ်စဉ်ပေးအပ်တာဖြစ်ပြီး Webster University St.Louis (USA Campus) မှ တိုက်ရိုက် ချီးမြှင့်တဲ့ ဘွဲ့လက်မှတ်ကို ရရှိမှာဖြစ်ပါတယ် ။ ကျောင်းလျှောက်ထားမယ့်သူတွေ အနေနဲ့ အောက်တိုဘာ ၁၂ ရက် နောက်ဆုံးထား လျှောက်ထားရမှာ ဖြစ်ပြီး ပညာသင်ဆုနဲ့ ရွေးချယ်တက်ရာက်နိုင်တဲ့ ဘာသာရပ်တွေကတော့ Bachelor of Arts in Management (B.A.) ၊ Bachelor of Arts in Management with an Emphasis in Marketing (B.A.),Bachelor of Arts in International Relations (BA), Bachelor of Arts in Psychology (BA),Bachelor of Science in Business Administration (BS), Bachelor of Arts in Management with an Emphasis in International Business (B.A.),Bachelor of Science in Computer Science (B.S.), Bachelor of Science in Computer Science with an emphasis in Cybersecurity (B.S.), Bachelor of Arts in Management with an Emphasis in International Business (B.A.) တွေပဲဖြစ်ပါတယ်။

Webster University မှာ အမေရိကန် အခြေစိုက်တက္ကသိုလ်ဖြစ်ပြီး ထိုင်းနိုင်ငံရှိ Bangkok နဲ့ Cha-Am/ Hua Hin မြို့တို့မှာ ကျောင်းခွဲတွေဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ ပညာသင်ဆုလျှောက်ထားလိုသူတွေ အနေနဲ့ MSI ပညာရေးဝန်ဆောင်မှု ဖုန်း- ၀၉၅၁၀၃၉၁၅ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««