ကုမၸဏီမ်ားဆိုင္ရာ စည္းမ်ဥ္းမ်ားအား ဝက္ဘ္ဆိုက္တြင္ ၾကည့္ရႈႏိုုင္

[ Zawgyi ]

ျမန္မာႏိုင္ငံ ကုမၸဏီမ်ားဆိုင္ရာ စည္းမ်ဥ္းမ်ား၂၀၁၈ ကို ထုတ္ျပန္ေၾကညာထားၿပီး ဝက္ဘ္ဆိုက္မွာ လႊင့္တင္ထားေၾကာင္း သိရပါတယ္။

အဲဒီစည္းမ်ဥ္းေတြကို ရင္းႏွီးျမဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာန အင္တာနက္စာမ်က္ႏွာျဖစ္တဲ့ ဒီေနရာမွာ ဝင္ေရာက္ၾကည့္ရႈ ႏိုင္ေၾကာင္း၊ ၂၀၁၈ ၾသဂုတ္လ ၁ ရက္မွာ စတင္ထုတ္လႊင့္မယ့္ အီလက္ထရြန္နစ္ မွတ္ပံုတင္စနစ္ Myanmar Companies Online MyCO ၊ ဒီေနရာမွာလည္း ေဖာ္ျပေပးသြားမွာျဖစ္ေၾကာင္း ရင္းႏွီးျမဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ား ၫႊန္ၾကားမႈဦးစီးဌာနက ေၾကညာထားပါတယ္။ ျမန္မာႏိုင္ငံကုမၸဏီမ်ား ဥပေဒ ပုဒ္မ ၄၆၂၊ ပုဒ္မခြဲငယ္ (၁) အရ အပ္ႏွင္းထားတဲ့ လုပ္ပိုင္ခြင့္ကို က်င့္သံုးၿပီး ျပည္ေထာင္စုအစိုးရအဖြဲ႔ရဲ႕ သေဘာတူညီခ်က္နဲ႔ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာနသည္ ျမန္မာႏိုင္ငံ ကုမၸဏီမ်ားဆိုင္ရာ စည္းမ်ဥ္းမ်ား ၂၀၁၈ ကို ထုတ္ျပန္ေၾကညာထားၿပီး ျဖစ္ေၾကာင္းသိရပါတယ္။

-ထြန္းထြန္း

[ Unicode ]

မြန်မာနိုင်ငံ ကုမ္ပဏီများဆိုင်ရာ စည်းမျဉ်းများ၂၀၁၈ ကို ထုတ်ပြန်ကြေညာထားပြီး ဝက်ဘ်ဆိုက်မှာ လွှင့်တင်ထားကြောင်း သိရပါတယ်။

အဲဒီစည်းမျဉ်းတွေကို ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန အင်တာနက်စာမျက်နှာဖြစ်တဲ့ ဒီနေရာမှာ ဝင်ရောက်ကြည့်ရှု နိုင်ကြောင်း၊ ၂၀၁၈ သြဂုတ်လ ၁ ရက်မှာ စတင်ထုတ်လွှင့်မယ့် အီလက်ထရွန်နစ် မှတ်ပုံတင်စနစ် Myanmar Companies Online MyCO ၊ ဒီနေရာမှာလည်း ဖော်ပြပေးသွားမှာဖြစ်ကြောင်း ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ကြေညာထားပါတယ်။ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ ပုဒ်မ ၄၆၂၊ ပုဒ်မခွဲငယ် (၁) အရ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ ကုမ္ပဏီများဆိုင်ရာ စည်းမျဉ်းများ ၂၀၁၈ ကို ထုတ်ပြန်ကြေညာထားပြီး ဖြစ်ကြောင်းသိရပါတယ်။

-ထွန်းထွန်း