Webcam ပါဝင်လာတဲ့ Xiaomi Mi Notebook 14

Xiaomi ဟာ ကင်မရာမပါတဲ့ Mi Notebook laptop တချို့ကို ရောင်းချနေတာ အချိန်တစ်ခုရှိပါပြီ။ Xiaomi ရဲ့ Mi Notebook တွေက အလုပ်လုပ်တာနဲ့ သင်ကြားရေးအတွက် အသုံးပြုဖို့ ခက်ခဲနေပါတယ်။ အခုအခါမှာတော့ Xiaomi အနေနဲ့ ဘေးဘောင်ထိပ်ဘက်မှာ webcam ပါဝင်တဲ့ Mi Notebook 14 ဗားရှင်းအသစ်ကို မိတ်ဆက်ပေးခဲ့ပါတယ်။

Xiaomi ရဲ့ Min Notebook 14 အသစ်မှာတော့ ၁၀ ခုမြောက်မျိုးဆက် Intel Core i5 ပရိုဆက်ဆာပါဝင်ပြီး ဗားရှင်းအမျိုးမျိုး အပေါ် မူတည်ပြီး ဒေါ်လာ ၆၀၀ ကနေ ဒေါ်လာ ၆၈၀ အကြား ရောင်းချသွားပါမယ်။

Xiaomi Mi Notebook 14 (IC) ကတော့ ဗားရှင်း ၃ မျိုး ထွက်ရှိပါမယ်။ ဈေးအသက်သာဆုံးဗားရှင်းမှာတော့ 8/256GB memory နဲ့ အခြေခံ Intel UHD Graphics 620 ပါဝင်လာပါတယ်။

ဈေးနှုန်းအနည်းငယ် မြင့်မားတဲ့ internal storage ကတော့ ၂ ဆအထိ မြင့်မားလာပါတယ်။ ဈေးအမြင့်ဆုံး ဗားရှင်းကတော့ storage 512GB နဲ့ Nvidia GeForce MX250 graphics card ပါဝင်လာပါတယ်။

အခြား spec တွေကတော့ မျက်နှာပြင် ၁၄ လက်မ မှာ 1080p ရုပ်ထွက်အရည်အသွေးနဲ့ 16:9 ratio လည်းပါဝင်လာပါတယ်။ ဒါ့အပြင် SATA 3 SSD နဲ့ 46 Wh ဘက်ထရီလည်း ပါဝင်ပါသေးတယ်။ အခြားချိတ်ဆက်မှုကတော့ Wi-Fi 802.11ac အစိတ်အပိုင်း၊ Bluetooth 5.0 နဲ့ USB port ၃ ခုနဲ့ HDMI port တစ်ခုနဲ့ 3.5mm နားကြပ်ပေါက် ပါဝင်လာပါတယ်။

Xiaomi Notebook 14 (IC) အလေးချိန် ၁.၅ ကီလိုဂရမ်နဲ့ အထူက ၁၈ မီလီမီတာ ဖြစ်ပါတယ်။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««