Web-Based Teaching System ကို အသုံးပြုပြီး Good Manufacturing Practice နှင့် Water and Sanitation for Occupational Purpose သင်တန်းများဖွင့်မည်

ရန်ကုန်အဝေးသင်တက္ကသိုလ်၊ဓာတုဗေဒဌာနအနေနဲ့ ရန်ကုန်အဝေးသင်တက္ကသိုလ် လူ့စွမ်းအားအရင်းအမြစ်ဖွဲ့ဖြိုးမှု အစီအစဉ်ဖြင့် Web-Based Teaching System ကို အသုံးပြုပြီး Good Manufacturing Practice နဲ့ Water and Sanitation for Occupational Purpose Online Certificate Course နှစ်ခုကို ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အွန်လိုင်းသင်တန်း နှစ်ခုကို ဖေဖော်ဝါရီ ၁၈ ရက်မှာ စတင်ဖွင့်လှစ် သင်ကြားပေးသွားမှာဖြစ်ပြီး အွန်လိုင်းသင်တန်းဝင်ခွင့်အတွက် သတ်မှတ်ထားတဲ့ လျှောက်လွှာပုံစံတွေကို ရန်ကုန်အဝေးသင်တက္ကသိုလ် ဓာတုဗေဒဌာနရဲ့ ဝက်ဘ်ဆိုက်ဖြစ်တဲ့ https://www.udechem.edu.mm မှတစ်ဆင့် ဇန်နဝါရီ ၇ ရက် မှစတင်ကာ အွန်လိုင်းမှ လျှောက်လွှာတွေကို တင်သွင်းနိုင်မှာဖြစ်ပါတယ်။ အဆိုပါ Course တွေဟာ သင်တန်းကာလ (၃) လ ကြာမြင့်မှာဖြစ်ပြီး Fully Online Certificate Course တွေဖြစ်ပါတယ်။

သင်တန်းတွေကို တက္ကသိုလ်ဝင်တန်းအဆင့်အထိ တက်ရောက်ပြီးတဲ့ လူငယ်လူရွယ်တွေ အနေနဲ့ Fully Online Certificate Course နဲ့ မိမိဒေသ၊ မိမိအလုပ်ခွင်မှာနေပြီး အဆင့်မြင့် ပညာရပ်တွေကို လေ့လာသင်ယူနိုင်မှာ ဖြစ်ပါတယ်။ Fully Online Course ဖြစ်တဲ့အတွက် Campus ထဲသို့ လုံး၀ လာစရာမလိုဘဲ မြန်မာနိုင်ငံအတွင်းရှိ မည်သည့်ဒေသတွင်မဆို အင်တာနက်အသုံးပြုပြီး Online ပေါ်ကနေ သင်ယူနိုင်တဲ့ သင်တန်းအမျိုးအစား ဖြစ်ပါတယ်။

Assignment စာစဉ်ဖြေဆိုခြင်းနဲ့ Feedback တွေကို Online မှ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ သင်တန်းသားဦးရေ (၁၂၀) ဦး အထိ လက်ခံမှာဖြစ်ပါတယ်။ မြန်မာနဲ့ အင်္ဂလိပ် ဘာသာနှစ်ခုစလုံးနဲ့ သင်ကြားပို့ချသွားမှာဖြစ်ပါတယ်။

သင်တန်းကြေးကို သင်တန်းတစ်ခုစီအတွက် ၅၀,၀၀၀ ကျပ် ကျသင့်မှာဖြစ်ပြီး ဝင်ခွင့်ရရှိသူတွေဟာ ဖေဖော်ဝါရီ ၁ ရက် နံနက် ၉ နာရီမှ စတင်ကာ သင်တန်းကြေးပေးသွင်းနိုင်ပါတယ်။အသေးစိတ်သိရှိလိုပါက ဖုန်း – ၀၉ ၆၉၆ ၆၄၃ ၉၅၁ နဲ့ ၀၉ ၉၆၇၀ ၉၄၃၂၉ ကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။

– သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««