Wave Pay အသံုးျပဳသူမ်ား ျပည္တြင္းေလေၾကာင္းခရီးစဥ္ လက္မွတ္မ်ားကို ေစ်းႏႈန္းသက္သာစြာျဖင့္ ဝယ္ယူႏိုင္မည္

[ Zawgyi ]

Wave Money နဲ႔ Oway ပူးေပါင္းကာ Wave Pay အသံုးျပဳသူေတြအေနနဲ႔ ျပည္တြင္းေလေၾကာင္းလိုင္းခရီးစဥ္ လက္မွတ္ေတြကို ေစ်းႏႈန္းသက္သာစြာနဲ႔ ဝယ္ယူႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။

Wave Pay အသံုးျပဳသူေတြအေနနဲ႔ ဇူလိုင္ ၁၁ ရက္နဲ႔ ၾသဂုတ္ ၁၀ ရက္အထိ Oway Website ကေနတစ္ဆင့္ သတ္မွတ္ထားတဲ့ ေလယာဥ္လက္မွတ္ေတြကို ၅၀ ရာခိုင္ႏႈန္းအထိ ေလွ်ာ့ေစ်းနဲ႔ဝယ္ယူနိုင္မွာ ျဖစ္တယ္လို႔ သိရပါတယ္။ “အြန္လိုင္းေငြေပးေခ်မႈဆို ဒီက လူအမ်ားစုအတြက္ စိန္ေခၚမႈျဖစ္ေနပါေသးတယ္၊ ဘာေၾကာင့္လဲဆိုေတာ့ အေၾကြးဝယ္ကတ္ေတြ တြင္တြင္က်ယ္က်ယ္ မသံုးၾကေသးသလို တခ်ိဳ႕ဆို ပံုမွန္ ဘဏ္ဝန္ေဆာင္မႈစနစ္ကိုေတာင္ အသံုးမျပဳၾကေသးပါဘူး၊ အခုဆိုရင္ စမတ္ဖုန္းကိုအသံုးျပဳၿပီးေတာ့ Wave Pay ကေနတစ္ဆင့္ ေလယာဥ္၊ ဟိုတယ္နဲ႔ ခရီးစဥ္ေတြကို အခ်ိန္ေနရာမေရြး ႀကိဳတင္စာရင္းေပးႏိုင္ေတာ့မွာ ျဖစ္ပါတယ္” လို႔ Oway Group ရဲ႕ဗဟိုအလုပ္အမႈေဆာင္အရာရွိခ်ဳပ္ျဖစ္သူ Mr. Alok Kumar က ေျပာၾကားခဲ့ပါတယ္။

ဝန္ေဆာင္မႈကို အသံုးျပဳေနသူေတြအတြက္ အြန္လိုင္းေငြေပးေခ်ရာမွာ ေငြေၾကးထပ္မံ ကုန္က်စရာမလိုတဲ့ နည္းလမ္းေတြကို ရွာေဖြေဖာ္ထုတ္သြားမွာျဖစ္ေၾကာင္း၊ Oway Fleet ယာဥ္ေမာင္းေတြအေနနဲ႔လည္း Wave Pay App ကုိအသံုးျပဳကာ ေငြလက္ခံျခင္း၊ ေငြပို႔ျခင္းေတြကို လုပ္ေဆာင္ႏိုင္ေတာ့မွာျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာခဲ့ပါတယ္။

-ေအာင္သက္ကို

[ Unicode ]

Wave Money နဲ့ Oway ပူးပေါင်းကာ Wave Pay အသုံးပြုသူတွေအနေနဲ့ ပြည်တွင်းလေကြောင်းလိုင်းခရီးစဉ် လက်မှတ်တွေကို စျေးနှုန်းသက်သာစွာနဲ့ ဝယ်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Wave Pay အသုံးပြုသူတွေအနေနဲ့ ဇူလိုင် ၁၁ ရက်နဲ့ သြဂုတ် ၁၀ ရက်အထိ Oway Website ကနေတစ်ဆင့် သတ်မှတ်ထားတဲ့ လေယာဉ်လက်မှတ်တွေကို ၅၀ ရာခိုင်နှုန်းအထိ လျှော့စျေးနဲ့ဝယ်ယူနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ “အွန်လိုင်းငွေပေးချေမှုဆို ဒီက လူအများစုအတွက် စိန်ခေါ်မှုဖြစ်နေပါသေးတယ်၊ ဘာကြောင့်လဲဆိုတော့ အကြွေးဝယ်ကတ်တွေ တွင်တွင်ကျယ်ကျယ် မသုံးကြသေးသလို တချို့ဆို ပုံမှန် ဘဏ်ဝန်ဆောင်မှုစနစ်ကိုတောင် အသုံးမပြုကြသေးပါဘူး၊ အခုဆိုရင် စမတ်ဖုန်းကိုအသုံးပြုပြီးတော့ Wave Pay ကနေတစ်ဆင့် လေယာဉ်၊ ဟိုတယ်နဲ့ ခရီးစဉ်တွေကို အချိန်နေရာမရွေး ကြိုတင်စာရင်းပေးနိုင်တော့မှာ ဖြစ်ပါတယ်” လို့ Oway Group ရဲ့ဗဟိုအလုပ်အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Alok Kumar က ပြောကြားခဲ့ပါတယ်။

ဝန်ဆောင်မှုကို အသုံးပြုနေသူတွေအတွက် အွန်လိုင်းငွေပေးချေရာမှာ ငွေကြေးထပ်မံ ကုန်ကျစရာမလိုတဲ့ နည်းလမ်းတွေကို ရှာဖွေဖော်ထုတ်သွားမှာဖြစ်ကြောင်း၊ Oway Fleet ယာဉ်မောင်းတွေအနေနဲ့လည်း Wave Pay App ကိုအသုံးပြုကာ ငွေလက်ခံခြင်း၊ ငွေပို့ခြင်းတွေကို လုပ်ဆောင်နိုင်တော့မှာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောခဲ့ပါတယ်။