Wave Money မှ Global Retail Banking Innovation Awards 2020 တွင် ဆုများရရှိခဲ့

ငွေကြေးဝန်ဆောင်မှုကုမ္ပဏီ ဖြစ်တဲ့ Wave Money မှ The Digital Banker မှ ကျင်းပပြုလုပ်တဲ့ Global Retail Banking Innovation Awards 2020 မှာ Best Digital Wallet of the Year (တစ်နှစ်တာအတွက် အကောင်းဆုံးဒီဂျစ်တယ်ပိုက်ဆံအိတ်) နဲ့ Best Mobile Payments Service (အကောင်းဆုံးငွေပေးချေဝန်ဆောင်မှု) ဆုတွေဆွတ်ခူးရရှိခဲ့တယ်လို့​ သိရပါတယ်။

“ကမ္ဘာတစ်ဝန်းက ဦးဆောင်ငွေကြေးအဖွဲ့အစည်းကြီးတွေရဲ့ လေးစားမှုကိုရရှိထားတဲ့၊ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ အဖွဲ့အစည်းကြီးတစ်ခု ဖြစ်တဲ့ The Digital Banker က အခုလို အသိအမှတ်ပြု ဆုချီးမြှင့်ခြင်းခံရတဲ့ အတွက် ဝမ်းမြောက်ဝမ်းသာစွာနဲ့ ဂုဏ်ယူမိပါတယ်။ အခုလို ဆုချီးမြှင့်ပေးအပ်ခံရမှုက ကျွန်တော်တို့ရဲ့ ဆန်းသစ်ပြီး ပိုမိုကောင်းမွန်တဲ့ ငွေကြေးဝန်ဆောင်မှုကို ပေးအပ်ချင်တဲ့ဆန္ဒတွေကို ခွန်အားဖြစ်စေပြီး ပိုမိုကောင်းမွန်တဲ့ မြန်မာနိုင်ငံရဲ့အနာဂတ်အတွက် ဖန်တီးပေးချင်တဲ့ ကျွန်တော်တို့ရဲ့ သန္နိဋ္ဌာန်ကို ပိုမိုခိုင်မာစေပါတယ်။ ဒီဆုတွေဟာ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကို ပြည့်မြောက်အောင် မမောနိုင်မပန်းနိုင် ကြိုးစားနေကြတဲ့ Wave Money မိသားစုဝင်တွေအားလုံးနဲ့ သက်ဆိုင်ပါတယ်” လို့ Wave Money ရဲ့ အမှုဆောင်အရာရှိချုပ် Brad Jones က ပြောပါတယ်။

The Digital Banker ဟာ ကမ္ဘာတစ်ဝန်းရှိ ယုံကြည်စိတ်ချရသော သတင်းရင်းမြစ်၊ စီးပွားရေးထောက်လှမ်းရေးနှင့် ကမ္ဘာတစ်ဝန်းရှိ ငွေကြေးဝန်ဆောင်မှုကဏ္ဍရဲ့ သုတေသနမိတ်ဖက်ဖြစ်ပြီး ၎င်းရဲ့ပရိုဂရမ်များထဲမှ တစ်ခုဖြစ်တဲ့ The Global Retail Banking Innovation Awards မှာ ငွေကြေးကဏ္ဍတွင် ထိရောက်စွာပါဝင်နေသော ကမ္ဘာမှာ ထင်ပေါ်ကျော်ကြားတဲ့ ဘဏ်လုပ်ငန်းတွေနဲ့ ငွေကြေးအဖွဲ့အစည်းတွေကို အသိအမှတ်ပြု ဆုချီးမြှင့်ခြင်း ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««