Wave Money မှ နေ့စဉ်ငွေလွှဲနိုင်သည့် ပမာဏကိုတိုးမြှင့်ပေး

Wave Money အနေနဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်အရ Wave Money ကိုယ်စားလှယ်ဆိုင်များမှတစ်ဆင့် တစ်ရက်အတွင်း ငွေလွှဲနိုင်သည့်ပမာဏကို ယခင် ၅ သိန်း ကျပ်မှ ယခုအခါ ၁၀ သိန်းကျပ်အထိ တိုးမြှင့်လိုက်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအတွင်း လူအများစု ငွေကြေးကိုင်ဆောင် အသုံးပြုခြင်းနဲ့ လဲလှယ်အသုံးပြုခြင်းတို့အား လျှော့ချပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် နေ့စဉ်ငွေလွှဲပမာဏကို မတ်လ ၂၅ ရက် မှ ဧပြီ ၃၀ ရက်အထိ တိုးမြှင့်သတ်မှတ်ပေးလိုက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်းရှိ Wave Money အရောင်းဆိုင် ၅၇,၀၀၀ ကျော်မှတစ်ဆင့် အချိန်မရွေး၊ နေရာမရွေး လွယ်ကူလျင်မြန်စွာ ငွေလွှဲ၊ ငွေထုတ် ပြုလုပ်လျက်ရှိကြောင်း၊ သုံးစွဲသူများသိရှိလိုတဲ့ မေးမြန်းချက်တွေကို အချိန်နဲ့တစ်ပြေးညီ ပြန်လည် ဖြေကြားပေးနိုင်ရန်အတွက် Wave Money ၏ Call Center မှတစ်ပတ်လျှင် ၇ ရက်၊ တစ်ရက်လျှင် ၂၄ နာရီ အချိန်ပြည့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း အသေးစိတ်ကို Wave Money တရားဝင် Facebook Page https://www.facebook.com/WaveMoney/ သို့ဖြစ်စေ၊ Wave Money တရားဝင်ဝက်ဘ်ဆိုက် https://www.wavemoney.com.mm/ သို့ဖြစ်စေ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

-အောင်သူ