Wave Money မှ API ပလက်ဖောင်းကိုမိတ်ဆက်ခဲ့

မိုဘိုင်းငွေကြေးလုပ်ငန်းကို ၀န်ဆောင်မှုပေးနေတဲ့ Wave Money အနေနဲ့ ငွေသားအသုံးမပြုဘဲ ငွေပေးချေနိုင်တဲ့စနစ်ကိုဆောင်ရွက်ဖို့ API ပလက်ဖောင်းကိုမိတ်ဆက်လိုက်ပါတယ်။

Wave Money Developer Portal နဲ့အတူ Application Programming Interface (API) ကို မိတ် ဆက်လိုက်တာဖြစ်ပါတယ်။ အဲဒီ APIs ဟာမတူညီတဲ့ဆော့ဖ်ဝဲတွေကြားချိတ်ဆက်နိုင်ဖို့ ဆောင်ရွက် ပေးတဲ့မှာဖြစ်တယ်လို့သိရပါတယ်။ အဲဒီ Wave Money ဆော့ဖ်ဝဲကိုချိတ်ဆက်ပြီး ကုန်ပစ္စည်းတွေနဲ့ ၀န်ဆောင်မှုတွေကို cashless payment စနစ်နဲ့ငွေလက်ခံနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

“cashless payment ကို လုပ်ငန်းရှင်တွေက သူတို့ရဲ့ e-Commerce Websites တွေပေါ်မှာပေါင်းစပ် ထည့်သွင်းချင်နေကြပါတယ်၊ ဒါပေမဲ့ ဒီအစီအစဉ်က Manual ဖြစ်လို့ Scalable လုပ်လို့လည်းမရသေးဘူး၊ အဲဒီမှာကျွန်တော်တို့ Wave Money က အိုင်ဒီယာအသစ်အနေနဲ့ ကျွန်တော်တို့ Developer Portal ပေါ်မှာ ကိုယ်စားလှယ်တွေကိုယ်တိုင် မိမိရဲ့ကိုယ်ရေးရာအချက်အလက်တွေဖြည့်သွင်းမယ် ပြီးရင်လိုအပ်တဲ့စာရွက်စာတမ်းတွေကို တင်လိုက်ပြီးပြီဆိုတာနဲ့ဒီ cashless payments ကသူတို့ရဲ့ e-Commerce Website ပေါ်မှာပေါင်းစပ်ထည့်သွင်းပြီးသားဖြစ်မှာပါ” လို့ Wave Money ရဲ့ CEO ဖြစ်သူ Brad Jones ကပြောပါတယ်။ Wave Mondy developer portal ကို https://partners.wavemoney.com.mm/ကနေ၀င်ရောက်နိုင်တယ်လို့သိရပါတယ်။