Watch S Pro, Watch S Mater Edition နဲ့ Buds Air Pro Master တို့ကို Realme မိတ်ဆက်

Realme ဟာ မေလက Realme Watch ဆိုတဲ့ ကုမ္ပဏီအတွက် ပထမဆုံး စမတ်နာရီကို မိတ်ဆက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လမှာတော့ Watch S ကိုမိတ်ဆက်ခဲ့ပါတယ်။ အခုအခါမှာတော့ Watch S pro ကိုတော့ Watch S Master Edition နဲ့ Buds Air Pro Master Edition တို့နဲ့အတူ မိတ်ဆက်လိုက်ပါတယ်။ Realme ဟာ ထုတ်ကုန်သစ် မိတ်ဆက်ပွဲမှာ Watch S အသေးစားဗားရှင်းကိုလည်း အိန္ဒိယအတွက် ထုတ်လုပ်သွားပါမယ်။ ဈေးနှုန်းကတော့ အိန္ဒိယရူပီး ၄,၉၉၉ ကျသင့်ပါမယ်။

Realme Watch S Pro

Realme Watch S Pro မှာတော့ ARM Cortex-M4 ပရိုဆက်ဆာနဲ့ သီးသန့် platform တစ်ခုအသုံးပြုထားပါတယ်။ မျက်နှာပြင်ကတော့ ၁.၃၉ လက်မ ဖြစ်ပြီး always-on AMOLED touchscreen ပါ၀င်လာပါတယ်။ ရုပ်ထွက်အရည်အသွေးက 454x 454 pixel ဖြစ်ပြီး auto-brighness လည်း ပါဝင်လာပါတယ်။ စမတ်နာရီမှာ watch မျက်နှာပြင် ၁၀၀ ကျော် ထောက်ပံ့ထားပါတယ်။

Watch S Pro ကိုတော့ SUS316L စတီးနဲ့ လုပ်ထားပြီး အလေးချိန်က ၆၃.၅ ဂရမ်ပဲရှိပါတယ်။ လက်ပတ်ကြိုးတွေကိုလည်း အရောင် ၄ မျိုး အစိမ်း၊ အညို၊ အပြာနဲ့ အနက် ထုတ်ထားပြီး ဆီလီကွန်နဲ့ သားရေ ၂ မျိုးထုတ်ထားပါတယ်။
Realme Watch S Pro ကတော့ နှလုံးခုန်နှုန်းတိုင်းတာပေးပြီး သွေးအောက်ဆီဂျင်အတွက် SpO2 sensor လည်းပါဝင်လာပါတယ်။ အိပ်စက်တာကိုလည်း ခြေရာခံပေးပြီး ခြေလှမ်းရေတွက်တာနဲ့ Sport Mode ၁၅ ခု အပြင် ရေကူး mode လည်း ပါဝင်လာပါတယ်။

Watch S Pro အခြား လုပ်ဆောင်ချက်တွေက dual-satellite GPS, ရေအောက်မှာ 5ATM အပြင် ရေသောက်ဖို့ သတိပေးချက်တွေ ပါဝင်လာပါတယ်။

ဒါ့အပြင် စမတ်သတိပေးချက်၊ ဖုန်းအဝင်အထွက် သတိပေးချက်နဲ့ ကင်မရာနဲ့ Music ထိန်းချုပ်မှုတို့ ပါဝင်တယ်။

Realme Watch S Pro မှာ‌တော့ ဘက်ထရီက 420mAh ပါဝင်လာပြီး ၂ ပတ်အထိ အသုံးပြုနိုင်ပါတယ်။ ဈေးနှုန်းကတော့ ၁၃၅ ဒေါ်လာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၉ ရက်မှာ စတင်ရောင်းချမယ်လို့ သိရပါတယ်။

Realme Watch S Master Edition

Realme Watch S Master Editiion ကိုတော့ ကိုရီးယားအနုပညာရှင် Grafflex ဒီဇိုင်းထုတ်ပေးထားပါတယ်။ Watch S နဲ့လည်း တူပါတယ်။ ထူးခြားတာက လက်ပတ်၊ မျက်နှာပြင်နဲ့ box တွေပဲဖြစ်ပါတယ်။
ဈေးနှုန်းက ဒေါ်လာ ၈၀ ဖြစ်ပါတယ်။

Realme Buds Air Pro Master Edition

Buds Air Pro Master Edition ကိုတော့ ဟိုဆေးလီဗီ ဒီဇိုင်းထုတ်ပေးထားပါတယ်။ သူက Buds Q ကိုလည်း ဒီဇိုင်းဆွဲခဲ့ဖူးပါတယ်။

Buds Air Pro Master Edition TWS နားကပ်ကတော့ ပုံမှန်မော်ဒယ်နဲ့ အတူတူပါပဲ။ ကွာခြားတာက mirror ဒီဇိုင်းနဲ့ New Wave Silver ခေါ်တဲ့ အရောင်သစ်သုံးထားတာ ဖြစ်ပါတယ်။ အခု TWS နားကြပ်တွေကိုတော့ ၆၇ ဒေါ်လာနဲ့ ရောင်းချပါမယ်။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««