Waso Learn Mobile Application ကို မြန်မာနိုင်ငံတဝှမ်းလုံးရှိ ဆရာ၊ ဆရာမများအား သင်ထောက်ကူအဖြစ်အခမဲ့သုံးစွဲနိုင်ရန်ပံ့ပိုးကူညီသွားမည်

Strategy First Education Group မှ စီစဉ်သည့် Waso Learn Mobile Application ကို အခြေခံပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံတဝှမ်းလုံးရှိ ဆရာ၊ ဆရာမများ သင်ထောက်ကူအဖြစ်အခမဲ့သုံးစွဲနိုင်ရန်ပံ့ပိုးကူညီသွားမယ်လို့သိရပါတယ်။

အခြေခံပညာသင်ရိုးညွန်းတမ်း Grade (1) မှ Grade (11) အထိ သင်ခန်းစာများကို ဝါရင့်အတွေ့အကြုံရှိ ဆရာကြီး၊ ဆရာမကြီးများမှ သင်ကြားပို့ချထားပြီး Video သင်ခန်းစာများကို mobile application မှ အလွယ်တကူ လေ့လာနိုင်ရန်အတွက် Strategy First Education Group မှ စီစဉ်ထုတ်လုပ်တာဖြစ်ပါတယ်

Waso Learn Mobile Application မှာပါဝင်တဲ့ သင်ခန်းစာများကို အခြေခံပညာသင်ရိုးညွန်းတမ်းများအတိုင်း သင်ကြားပို့ချထားတယ်လို့ သိရပါတယ်။ ကျောင်းသူ၊ ကျောင်းသားများ သင်ခန်းစာ‌‌တွေကို အလွယ်တကူ လေ့ကျင့်ဖြေဆိုနိုင်စေရန်အတွက် စိတ်ဝင်စားဖွယ်ရာကောင်းသော ဉာဏ်စမ်းမေးခွန်းများ၊ ရုပ်ပြကာတွန်းများ၊ သက်ဝင်လှုပ်ရှားသရုပ်ဖော်ဇာတ်ကောင်များ၊ ကဗျာ၊ သီချင်းနှင့် သံစဉ်များကို ကျောင်းသား၊ ကျောင်းသူများ သင်ကြားလေ့လာရေးတွင် ပျော်ရွှင်စေရန် ထည့်သွင်းစီစဉ်ထားပါတယ်။ Waso Learn Application တွင် သင်ရိုးညွန်းတမ်းပါ သင်ခန်းစာများသာမက ပြင်ပ ဗဟုသုတများ၊ ပန်းချီ၊ ဂီတ၊ အားကစားစတဲ့ ကဏ္ဍပေါင်းစုံတို့ကိုလည်းနောက်ပိုင်းမှာ ထည့်သွင်းကာ ဘက်စုံပညာရေးအတွက် အထောက်အကူပြု လေ့လာသင်ယူနိုင်ရန် စီစဉ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

ကျောင်းတွင်သင်ကြားထားသော သင်ခန်းစာများကို ပြန်လည်လေ့ကျင့်ရန်နှင့် Home Based လေ့လာရမယ့်ကာလများမှာလည်း သင်ခန်းစာများကို Download လုပ်ထားရုံဖြင့် လွယ်ကူအဆင်ပြေစွာ လေ့လာသင်ယူနိုင်မှာဖြစ်ပြီး ပြဌာန်းသင်ခန်းစာ‌ေတွမှာပါဝင်တဲ့ အင်္ဂလိပ်စာ ဘာသာရပ်ကို လေ့လာရာမှာ အသံထွက်မှန်ကန်မှု၊ ဝေါဟာရကြွယ်မှုရှိစေရန် ဗြိတိန်နိုင်ငံသား ဆရာ၊ ဆရာမများကိုယ်တိုင် လေ့ကျင်သင်ကြားပေးထားတယ်လို့သိရပါတယ်။

“မြန်မာနိုင်ငံတဝှမ်းလုံးမှာ အင်္ဂလိပ်စာ ကျွမ်းကျင်စွာတတ်မြောက်ထားသူတွေ များစွာပေါ်ထွက်လာရေးအတွက် အကောင်ထည်ဖော်ဆောင်ရွက်ခဲ့တာပါ။ အင်္ဂလိပ်စာ ကျွမ်းကျင်ရင် ပညာသင်ယူတဲ့အခါ၊ နိုင်ငံတကာနဲ့ ဆက်ဆံတဲ့အခါ၊ စီးပွားရေးလုပ်တဲ့အခါမှာလည်း သူများထက်ပိုပြီး အခွင့်အလမ်းတွေပိုရတာကို တွေ့ရမှာပါ။ အင်္ဂလိပ်စာကျွမ်းကျင်မှုက ငွေကြေးတတ်နိုင်တဲ့လူတစ်စုအတွက်ပဲ ဖြစ်နေပါတယ်။ အဓိကက Listening စွမ်းရည်ကလည်းအရေးကြီးတဲ့အတွက် ကျွန်တော်တို့အရင်က English စာသင်ရိုးသီးသန့် Application တစ်ခုလုပ်ဖူးပါတယ်။ Waso Learn Mobile App မှာ Grade (1) မှ Grade (11) အထိ ဘာသာစုံလေ့လာနိုင်ရန် စီစဉ်ထားပြီး အခုလို Covid – 19 ရဲ့ အကျိုးဆက်ကြောင့် ကျောင်းသား၊ ကျောင်းသူတွေ၊ ဆရာ၊ ဆရာမတွေ သင်ကြားရေးမှာ အခက်အခဲဖြစ်နေချိန်မှာ သင်ထောက်ကူအနေနဲ့ အသုံးပြုနိုင်ရန် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ကျောင်းမှာ သင်ခဲ့တာတွေကို အိမ်မှာ မိဘတွေ အုပ်ထိန်းသူတွေနဲ့ အခါခါပြန်လှန်လေ့ကျင့်နိုင်ပြီး ဆရာ၊ ဆရာမတွေလည်း အခက်အခဲကြားမှ သင်ရတဲ့ ဝန်နည်းနည်းပေါ့သွားမယ်လို့ထင်ပါတယ်။ ကျောင်း စာမေးပွဲတွေကိုလည်း အောင်မြင်စွာ ဖြေဆိုနိုင်ဖို့ အများကြီးအထောက်အကူပြုမယ်လို့ထင်ပါတယ်။ Waso Learn Mobile Application ကို စွဲဆောင်မှုရှိပြီး ထိရောက်ကောင်းမွန်တဲ့ပညာရေးကို လူတိုင်းလက်လှမ်းမီအောင် စီစဉ်ပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။” ဟု Strategy First Education Group နှင့် Waso Full Moon Company Limited ၏ တည်ထောင်သူနဲ့ အုပ်ချုပ်မှု ဒါရိုက်တာဖြစ်သူ ဦးအောင်ချစ်ခင်က ပြောကြားခဲ့ပါတယ်။

Waso Learn Mobile Application ကို Google Play Store, နှင့် APK Pure တို့တွင် Download ရယူနိုင်ပြီး နောက်ပိုင်းတွင် Apple App Store တွင်လည်း ရယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ Application install လုပ်ပြီး register လုပ်လိုက်ရုံနဲ့အင်္ဂလိပ်စာ သင်ခန်းစာအသံဖိုင်များကို အခမဲ့ လေ့လာနိုင်ရန်စီစဉ်ပေးထားပါတယ်။ သင်ကြားရေး ဗီဒီယိုများနှင့် သင်ခန်းစာအားလုံးကို လေ့လာနိုင်ရန်အတွက် လက်လှမ်းမီသော တစ်နှစ်စာ Subscription fees နှုန်းထားများဖြစ်တဲ့ မူလတန်း နဲ့ အလယ်တန်းအတွက် (၅,၀၀၀) ကျပ်နဲ့ အထက်တန်း အတွက် (၉,၀၀၀) ကျပ်ဖြင့်လေ့လာနိုင်မှာဖြစ်ပါတယ်။

-သန္တာ