WandaVision စီးရီး ထွေလာအသစ် ထွက်ရှိ

ဒီတစ်ပတ်ကတော့ Disney နဲ့ Marvel အတွက် အလုပ်များတဲ့ကာလ ဖြစ်ပါတယ်။

Mulan ရုပ်ရှင်ကားက ထွက်ထားသလို The Mandalorian စီးရီးအတွက် ထွေလာအသစ်လည်း ထွက်လာပါတယ်။ ဒါ့အပြင် The Falcon and The Winter Soldier အတွက် ဗီဒီယိုလေးတွေ ထွက်နေပါတယ်။ အခုလည်း Disney Plus မှာထွက်ရှိမယ့် WandaVision စီးရီးထွက်လာပါပြီ။

Disney ကတော့ စီးရီးကို ဘယ်အချိန်မှာလွှင့်မလဲ ဆိုတာ မထုတ်ပြန်သေးပေမယ့် ၂၀၂၀ ဒီဇင်ဘာလမှာ ထုတ်လွှင့်မယ်လို့ သတင်းထွက်နေပါတယ်။

-စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««