VSmart နှင့် Shop.com.mm ပူးပေါင်း၍ ပရိုမိုးရှင်းအစီအစဉ် ပြုလုပ်မည်

VinSmart အနေနဲ့ မြန်မာနိုင်ငံဈေးကွက်အတွက် တရားဝင် ဖြန့်ချိရေးမိတ်ဖက်အဖြစ် SSCL ကုမ္ပဏီကို ခန့်အပ်ခဲ့ပြီး ဆက်သွယ်ရေးအော်ပရေတာ Mytel ၊ အွန်လိုင်း လက်လီအရောင်းအဝယ်လုပ်ငန်း Shop.com.mm (Alibaba) တို့နဲ့ လက်တွဲပြီး အရောင်းဆိုင်များနဲ့ အွန်လိုင်းမှတစ်ဆင့် စမတ်ဖုန်းများကို ဖြန့်ဖြူးရောင်းချလျက်ရှိရာ ယခုအခါ Shop.com.mm နဲ့ ပူးပေါင်းပြီး ‘11/11 Campaign’ ကိုပြုလုပ်သွားမယ်လို့ သိရပါတယ်။

‘11/11 Campaign’ အွန်လိုင်း ပရိုမိုးရှင်းအစီအစဉ်ကို နိုဝင်ဘာ ၁၁ ရက်မှ ၁၅ ရက်အတွင်း ပြုလုပ်သွားမှာဖြစ်ပြီး အဆိုပါ အစီအစဉ်မှာ Vsmart Live , Vsmart Active 1 နဲ့ Active 1+ စမတ်ဖုန်းမော်ဒယ်တွေထဲမှ မည်သည့် စမတ်ဖုန်း မော်ဒယ်ကိုမဆို ဝယ်ယူပါက လျှော့ဈေးပမာဏ ၇၀,၀၀၀ ကျပ်အထိ ခံစားရရှိနိုင်မယ်လို့ သိရပါတယ်။

လက်ရှိမှာ Vsmart စမတ်ဖုန်းတွေကို မြန်မာနိုင်ငံတစ်ဝန်းရှိ အရောင်းဆိုင်ပေါင်း ၁,၀၀၀ ခန့်မှာ ဝယ်ယူရရှိနိုင်ပြီး နှစ်ကုန်တွင် အရောင်းဆိုင်အရေအတွက် ၁,၅၀၀ အထိ တိုးချဲ့သွားရန် လုပ်ဆောင်လျက်ရှိကြောင်းနဲ့ VinSmart နဲ့ shop.com.mm တို့ပူးပေါင်း၍ မည်သည့် Vsmart စမတ်ဖုန်းကို ဝယ်ယူသည် ဖြစ်စေ အိမ်အရောက်ပို့ဆောင်ပေးမယ့် ဝန်ဆောင်မှုကိုလည်း ပေးအပ်လျက်ရှိကြောင်း သိရပါတယ်။

-အောင်သူ