Vsmart တီဗီများကို ပြည်တွင်းစျေးကွက်အတွင်း မကြာမီ ဝယ်ယူနိုင်မည်

VinSmart မှ Vsmart အမှတ်တံဆိပ် 4K ရုပ်ထွက်အရည်အသွေးနဲ့ အခြားသော နည်းပညာမြင့် လုပ်ဆောင်ချက်တွေပါဝင်တဲ့ ပထမဦးဆုံးသော စမတ်တီဗွီတွေကို မိတ်ဆက်ခဲ့ပြီး မကြာမီ မြန်မာနိုင်ငံ စျေးကွက်အတွင်း စတင်ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဗီယက်နမ်နိုင်ငံရဲ့ ထိပ်တန်း နည်းပညာကုမ္ပဏီတစ်ခု ဖြစ်တဲ့ VinSmart အနေနဲ့ ပထမဦးဆုံးသော စမတ်တီဗီ တွေကို ဗီယက်နမ်နိုင်ငံတွင် ဒီဇင်ဘာ ၁၄ ရက်က တရားဝင် စတင်မိတ်ဆက်ခဲ့ပြီး Google ကုမ္ပဏီ၏ မူပိုင် Android TV operating system ကို အသုံးပြုထားတယ်လို့ သိရပါတယ်။

Vsmart တီဗွီများမှာ ၄၃ လက်မ မှ ၅၅ လက်မ မျက်နှာပြင် အရွယ်အစားအထိ အသီးသီးရှိပြီး 4K အဆင့် ရုပ်ထွက်အရည်အသွေး၊ HDR10 ထောက်ပံ့မှု၊ Dolby အသံထွက်စနစ်အပြင် အသုံးပြုသူများ အဆင်ပြေလွယ်ကူ မှု အပြည့်အဝရရှိစေမယ့် အခြားသော လုပ်ဆောင်ချက်တွေပါဝင်တယ်လို့ သိရပါတယ်။ အဆိုပါ Vsmart တီဗွီတွေရဲ့ စျေးနှုန်းက Android TV 43” 4K HDR KD6600 အမေရိကန်‌ဒေါ်လာ ၃၈၀ ခန့် ၊ Android TV 50” 4K HDR KD6800 အမေရိကန်ဒေါ်လာ ၄၆၅ ခန့်၊ Android TV 55” 4K HDR KD6800 အမေရိကန်ဒေါ်လာ ၅၄၀ ခန့်၊ Android TV 49” 4K HDR KE8100 အမေရိကန်ဒေါ်လာ ၆၀၆ ခန့်၊ Android TV 55” 4K HDR KE8500 အမေရိကန်ဒေါ်လာ ၇၃၆ ခန့် ဖြစ်ပြီး မကြာမီမြန်မာနိုင်ငံဈေးကွက်အတွင်း ဝယ်ယူရရှိနိုင်မယ်လို့ သိရပါတယ်။

VinSmart အနေနဲ့ ဒုတိယမျိုးဆက် စမတ်ဖုန်းမော်ဒယ်တွေ ဖြစ်တဲ့ smart Live, Vsmart Bee, Vsmart Star နဲ့ Vsmart Joy2+ တို့ကိုလည်း မကြာသေးမီက မြန်မာနိုင်ငံ ဈေးကွက်အတွင်း စတင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။