Vocational Education for Youth 2018 စကားဝိုင်း ကျင်းပပြုလုပ်

CVT Myanmar မှကြီးမှူးကျင်းပတဲ့ Vocational Education for Youth 2018 စကားဝိုင်းကို ဇန်နဝါရီလ ၂၀ ရက်က Gandamar Grand Ballroom မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ယင်းစကားဝိုင်းမှာ ဒေါက်တာ အောင်ထွန်းသက်၊ ဒေါက်တာစိုင်းကျော်နိုင်ဦး Acting DG၊ ဦးသော်ဇင် (Managing Director of Linear Power International Co., Ltd) နဲ့ ဒေါ်ရင်ရင်အေး(Chief Relation Officer of CVT Myanmar) တို့က ဦးဆောင်ပြီး Moderator အဖြစ် ဦးဇေယျသူ(The Voice ဂျာနယ်) က ဆောင်ရွက်ခဲ့ပါတယ်။ စီးပွားရေးပညာရှင်များ၊ လုပ်ငန်းရှင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူဟောင်းများနဲ့ ဖိတ်ကြားထားတဲ့ ပုဂ္ဂိုလ်များက ၂၀၁၈ခုနှစ် မေလမှာဆက်လက်ဖွင့်လှစ်မယ့် သင်တန်းသစ် ၅ ခုကိုရည်ရွယ်ပြီး ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

-ဝေဝေ