VMware ၏ cloud နည်းပညာ City Mart များတွင်အသုံးပြုမည်
[ Zawgyi ]
မြန်မာနိုင်ငံရဲ့ စားသုံးသူ ကုန်စည်ဈေးကွက်ဟာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၇. ၅ ဘီလီယံ သို့မဟုတ် နိုင်ငံ့ GDP ရဲ့ ၁၅ ရာခိုင်နှုန်းခန့်ရှိနေပြီဖြစ်ပြီး ၂၀၁၇-၂၀၁၈ ခုနှစ်မှာ သိသိသာသာ တိုးလာနိုင်တယ်လို့ မျှော်မှန်းထားကြောင်း၊ စားသုံးသူတွေရဲ့ ဝယ်လိုအားအရ ၂၀၃၀ ခုနှစ်မှာ အနည်းဆုံးသုံးဆခန့် ပိုမိုတိုးတက်လာကာ အမေရိကန်ဒေါ်လာ ၃၅ ဘီလီ ယံမှ ၁၀၀ ဘီလီယံအထိ မြင့်တက်လာမယ်လို့ ခန့်မှန်းထားကြောင်း၊ အဲဒီလိုတိုးတက်လာမယ့် ပမာဏကိုမျှော်မှန်းပြီး City Mart အနေနဲ့ အကန့်အသတ်နဲ့ လုပ်နိုင်စွမ်းကို ကျော်လွန်ဖို့ ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း ဆိုပါတယ်။
-ထွန်းထွန်း
[ Unicode ]
VMware ရဲ့ cloud နည်းပညာ ဝန်ဆောင်မှုပါဝင်တဲ့ လက်လီအရောင်းစနစ်ပြုပြင်ထိန်း သိမ်းရေးကို City Mart တွေမှာ အသုံးပြုသွားမယ်လို့ သိရပါတယ်။
အိုင်တီနည်းပညာ အခြေခံအုပ်မြစ်ကို အသုံးပြုလုပ်ငန်းလည်ပတ်မှု ရပ်တန့်ချိန်မရှိစေရန်နဲ့ စာရင်းဇယားတွေ တိုးမြှင့်လုပ်ဆောင်ဖို့ ဆောင်ရွက်မှာဖြစ်ကြောင်း VMware ရဲ့ ဌာနေကိုယ်စားလှယ် ဦးထွန်းထွန်းလင်းက ပြောပါတယ်။
“ဝယ်သူတွေဆီကို တိုက်ရိုက်မသက်ရောက်ပေမယ့် နောက်ကွယ်မှာ VMware ရဲ့ အခြေခံအဆောက်အဦက လည်ပတ်နေမှာဖြစ်တဲ့ အတွက် City Mart မှာ ပစ္စည်းပြတ်တာတို့၊ System ကြီးကျသွားတာတို့ မရှိတော့ဘူး၊ Logistic ပိုင်းဆိုင်ရာတွေ ကောင်းသွားမယ်” လို့ City Mart Holdings ရဲ့ IT Head ဖြစ် သူ Amel R.Reyes ကပြောပါတယ်။ လက်ရှိ VMware vRealize Suite နဲ့ cloud နည်းစနစ်တွေ ပါဝင်တဲ့ VMware vSphere ကို တပ်ဆင်အသုံးပြုထားတယ်လို့ သိရပါတယ်။
“လက်လီစျေးကွက်အတွင်းမှာ ကြုံလာရမယ့် အတားအဆီးကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်” လို့ Amel R.Reyes ကဆိုပါတယ်။ VMware ဟာ compute, cloud, mobility, networking နဲ့ security ဝန်ဆောင်မှု တွေကို ထောက်ပံ့ပေးတဲ့ နည်းပညာ ကုမ္ပဏီဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်း မိတ်ဖက်ကုမ္ပဏီ ပေါင်း ရ၅၀၀၀ ဝန်းကျင်ရှိပြီး မြန်မာနိုင်ငံမှာလည်း ဘဏ်လုပ်ငန်းတွေ၊ စီးပွားရေးလုပ်ငန်း လုပ်ငန်းနဲ့ အစိုးရလုပ်ငန်း တွေမှာ VMware ရဲ့နည်းပညာတွေကိုအသုံးပြုနေပြီလို့ဆိုပါ တယ်။
မြန်မာနိုင်ငံရဲ့ စားသုံးသူ ကုန်စည်စျေးကွက်ဟာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ရ. ၅ ဘီလီယံ သို့မဟုတ် နိုင်ငံ့ GDP ရဲ့ ၁၅ ရာခိုင်နှုန်းခန့်ရှိနေပြီဖြစ်ပြီး ၂၀၁၇-၂၀၁၈ ခုနှစ်မှာ သိသိသာသာ တိုးလာနိုင်တယ်လို့ မျှော်မှန်းထားကြောင်း၊ စားသုံးသူတွေရဲ့ ဝယ်လိုအားအရ ၂၀၃၀ ခုနှစ်မှာ အနည်းဆုံးသုံးဆခန့် ပိုမိုတိုးတက်လာကာ အမေရိကန်ဒေါ်လာ ၃၅ ဘီလီ ယံမှ ၁၀၀ ဘီလီယံအထိ မြင့်တက်လာမယ်လို့ ခန့်မှန်းထားကြောင်း၊ အဲဒီလိုတိုးတက်လာမယ့် ပမာဏကိုမျှော်မှန်းပြီး City Mart အနေနဲ့ အကန့်အသတ်နဲ့ လုပ်နိုင်စွမ်းကို ကျော်လွန်ဖို့ ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း ဆိုပါတယ်။
-ထွန်းထွန်း