VLC Player ကို အသုံးပြုပြီး Audio ဖိုင်တွေကို convert ဘယ်လိုလုပ်မလဲ

VLC media player ဟာ လူကြိုက်များတဲ့ open-source media player တစ်ခုဖြစ်ပါတယ်။ Media format အများအပြားကို အထောက်အပံ့ ပေးနိုင်တာကြောင့် လူကြိုက်များပါတယ်။ ဒါ့အပြင် VLC ဟာ media player တစ်ခု ဖြစ်သလို audio file တွေကိုလည်း convert လုပ်ဆောင်နိုင်အောင် စီစဉ်ပေးထားပါတယ်။

VLC player နဲ့ audio file တွေကို convert လုပ်မယ်ဆိုရင် ပထမဆုံး VLC version ကို update လုပ်ပါ။ Update လုပ်ဆောင်ဖို့အတွက် Help > Updates ဆိုတာကို နှိပ်ပြီး update လုပ်ရပါမယ်။ ပြီးရင် VLC player ကိုဖွင့်ပြီး Media > Convert / save ကို ရွေးချယ် ရမှာဖြစ်ပါတယ်။

ပြီးရင် Add button ကိုနှိပ်ပြီး audio file ပြောင်းလိုတဲ့ဖိုင် တွေကို ရွေးပါ။ဖိုင်တွေကိုရွေးချယ်ပေး ပြီးရင် Convert/save ဆိုတာ ကို နှိပ်ရမှာဖြစ်ပါတယ်။ ဒါဆို ရင် VLC media player ကို အသုံးပြုပြီး audio file တွေအ ဖြစ် convert လုပ်ဆောင်ပြီးပြီ ဖြစ်ပါတယ်။

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««