VLC 3.0ကို Ubuntu OS 17.10 တွင် ထည့်သွင်းခြင်း

Media format အများအပြားကို အထောက်အပံ့ပေးနိုင်တဲ့ VLC 3.0 ကို Ubuntu OS 17.04 နဲ့ 17.10 တို့မှာ ထည့်သွင်း အသုံးပြုချင် သူတွေအတွက် ဖြစ်ပါတယ်။ VLC 3.0 RC2 ကို Ubuntu OS မှာ ထည့်သွင်းအသုံးပြုချင်တယ်ဆိုရင် ဖော်ပြပါ နည်းလမ်းတွေနဲ့ ထည့်သွင်းနိုင်ပါတယ်။

Ubuntu OS မှာ VLC 3.0 RC2 ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထား သင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင်Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံ လုပ်ပေးရပါမယ်။

VLC 3.0 RC2 ကို Ubuntu 16.04 နဲ့အထက်မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ ထည့် သွင်းရမယ့် command တွေ ကတော့ –

snap apt-get update

snap install vlc-candidate

ဆိုတဲ့ command တွေနဲ့ ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ command တွေကို ထည့်သွင်းပြီးပြီဆိုရင် သက် ဆိုင်ရာ package တွေကို download လုပ်ပြီး ထည့်သွင်းမှာ ဖြစ်တဲ့အတွက် ခေတ္တစောင့် ဆိုင်းရမှာဖြစ်ပါတယ်။ အဆိုပါ အဆင့်တွေ ပြီးသွားပြီဆိုရင် VLC 3.0 RC2 ကို အသုံးပြုဖို့အတွက် /snap/bin/vlc ဆိုတဲ့ command နဲ့ စတင်သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

-သီဟ