vivo Y51 စမတ်ဖုန်းအား ပြည်တွင်းစျေးကွက်သို့မိတ်ဆက်

vivo Y51 စမတ်ဖုန်းအား ပြည်တွင်းစျေးကွက်သို့ စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပြီး အဆိုပါ စမတ်ဖုန်းအား ၃၄၉,၈၀၀ ကျပ်နဲ့ ဇန်နဝါရီ ၂၃ ရက်မှ စတင်ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

“vivo က မိတ်ဆက်လိုက်တဲ့ ဖုန်းတွေတိုင်းမှာ အဆင့်မြင့်တီထွင်ဆန်းသစ်မှုတွေဖြစ်တဲ့ အားကောင်းတဲ့ memory စနစ်၊ စွမ်းဆောင်ရည်ကောင်းမွန်တဲ့ processor နဲ့ ကြာရှည်အသုံးခံတဲ့ ဘက်ထရီ၊ အရည်အသွေးသာလွန်တဲ့ ကင်မရာတွေပါဝင်ပြီး ခေတ်အကြိုက် ဒီဇိုင်းမျိုးစုံကို စျေးနှုန်းပမာဏမျိုးစုံနဲ့ ထုတ်လုပ်ပေးနေတာ ဖြစ်ပါတယ်။ လူငယ်အကြိုက်ဖြစ်တဲ့ Y Series ကနေထပ်ထွက်လာတဲ့ ဒီ Y51 စမတ်ဖုန်းမှာဆိုရင် မြန်မာလူငယ်တွေရဲ့ စရိုက်သွင်ပြင်နဲ့ တစ်သားတည်းကျစေမယ့် စံနှုန်းအားလုံး ပါဝင်ပါတယ်။ Y51 ဟာ စမတ်ဖုန်းအသစ်တစ်ခု ဝယ်ယူဖို့ တွေးနေသူတွေ၊ လက်ရှိဖုန်းထက် တစ်ဆင့်မြင့်တဲ့ ဖုန်းကို ပြောင်းသုံးချင်တဲ့သူတွေအတွက် တကယ်စဉ်းစားသင့်တဲ့ဖုန်းပါပဲ” လို့ vivo Mobile Myanmar ရဲ့ Chief Operating Officer ဖြစ်သူ Mr. Nelson Ni က ပြောပါတယ်။

Y51 တွင် 8GBRAM + 128GBROM Qualcomm® Snapdragon ™ 6 Series Mobile Platform ကိုအသုံးပြုထားပြီး 5000mAh ဘက်ထရီကို အသုံးပြုထားကာ ၆၄ မိနစ်အတွင်း ၇၀ ရာခိုင်နှုန်းအထိ အားပြန်ဖြည့်နိုင်တဲ့ 18W Fast Charge ထောက်ပံ့ပေးထားပါတယ်။ အားအပြည့်သွင်းထားရင် အွန်လိုင်း HD ရုပ်ရှင်ကြည့်ခြင်းကို ၁၇.၉ နာရီ ၊ ဂိမ်းကစားခြင်းကို ၉.၉ နာရီကြာ အသုံးပြုနိုင်မှာ​ ဖြစ်ပါတယ်။ စမတ်ဖုန်းနောက်ကျောဘက်အခြမ်းမှာ 48MP ကင်မရာ ပါဝင်ပြီး shooting mode မျိုးစုံနဲ့ AI ကင်မရာ ၃ လုံးမှ အသုံးပြုသူများအတွက် အလွန်ကြည်လင်ပြတ်သားတဲ့ ရိုက်ချက်တွေကို နေ့၊ ညမရွေး ဖမ်းယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ရှေ့ကင်မရာက 16MP နဲ့ဖြစ်ပါတယ်။

အသံပိုင်းဆိုင်ရာအတွက် In-built Audio booster ကို တပ်ဆင်ပေးထားပါတယ်။ Y51 စမတ်ဖုန်းကို Titanium Sapphire နဲ့ Crystal Symphony အစရှိတဲ့ အရောင်တွေနဲ့ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။ vivo စမတ်ဖုန်းများရဲ့ အသေးစိတ် အကြောင်းအရာတွေကို ပိုမိုသိရှိလိုပါက vivo Myanmar Facebook Page Lin​k မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««