vivo Y31 မိတ်ဆက်

Vivo ဟာ လွန်ခဲ့တဲ့ရက်အနည်းငယ်က အိန္ဒိယမှာ Y20G မိတ်ဆက်အပြီး Y စီးရီး Y31 ကိုလည်း မိတ်ဆက်လိုက်ပါတယ်။ vivo ဟာ ၂၀၁၅ တုန်းက ၄.၇ လက်မနဲ့ ကျောဘက်ကင်ရာတစ်လုံး ပါဝင်တဲ့ မော်ဒယ်ကို မိတ်ဆက်ခဲ့ဖူးပါတယ်။ အခု vivo Y31 ကတော့ မော်ဒယ်သစ် ဖြစ်ပါတယ်။

vivo Y31 မော်ဒယ်သစ်မှာ Snapdragon 662 SoC ပါဝင်ပြီး Funtouch OS 11 နဲ့အတူ Android 11 ကိုအသုံးပြုထားကာ RAM 6GB ဖြစ်ပါတယ်။ စမတ်ဖုန်းမှာတော့ storage 128GB ပါဝင်ပြီး microSD ကတ်နဲ့ 1TB အထိ တိုးချဲ့နိုင်ပါတယ်။

Y31 ဖုန်းမျက်နှာပြင်ကတော့ ၆.၅၈ လက်မ Full HD+ LCD ဖြစ်ပြီး 16MP selfie ကင်မရာ ပါဝင်လာပါတယ်။ ကျောဘက်ကင်မရာကတော့ ၃ လုံး ဖြစ်ပြီး အဓိက 48MP, 2MP depth နဲ့ 2MP macro ဖြစ်ပါတယ်။

 

 

စမတ်ဖုန်းမှာ Ultra Stable Video အတွက် Electronic Image Stabilization (EIS) နဲ့ Super Night mode တို့ပါဝင်ပြီး ဓာတ်ပုံတွေထဲက noise ကိုလျှော့ချဖို့ algorithm သုံးထားပါတယ်။ vivo Y31 ဘေးဘက်မှာ fingerprint scanner ပါဝင်ပြီး ဘက်ထရီ 5,000mAh 18W အားသွင်းစနစ်နဲ့ reverse အားသွင်းစနစ်တွေပါဝင်လာပါတယ်။

USB-C port နဲ့ 3.5mm နားကြပ်ပေါက်တွေလည်း ပါဝင်လာပါတယ်​။ vivo Y31 ကိုတော့ အနက်နဲ့ အပြာ ထုတ်လုပ်ထားပြီး ၂၂၅ ဒေါ်လာနဲ့ ရောင်းချပါမယ်။

-စိုးထက်
Ref: GSMArena

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««