vivo X30 မှာ 5G modem နဲ့ 50mm portrait ကင်မရာ ပါဝင်လာ

အသစ်မိတ်ဆက်လိုက်တဲ့ vivo X30 နဲ့ X30 Pro မှာ 5G modem ထည့်သွင်းထားတဲ့ Samsung chipset တွေ အသုံးပြုထားပါတယ်။ စမတ်ဖုန်းဈေးကွက်ထဲမှာ Samsung chipset စတင် အသုံးပြုလိုက်တဲ့ ပထမဆုံးထုတ်ကုန်တွေ ဖြစ်လာပါတယ်။ vivo ရဲ့ဖုန်းမော်ဒယ် ၂ မျိုးဟာ ဆင်ပေမယ့် Pro ဗားရှင်းမှာ 5x periscope ကင်မရာ ပါဝင်လာပါတယ်။ ဖုန်းမှာ 135mm focal အရှည်နဲ့ 12MP ဓာတ်ပုံတွေ ရိုက်ကူးနိုင်ပြီး ဒီဂျစ်တယ် zoom ကတော့ 60x magnification အထိ အသုံးပြုနိုင်ပါတယ်။

X30 ကင်မရာရဲ့ ထူးခြားတဲ့ အရာကတော့ 50mm portrait ကင်မရာ ပါဝင်လာတာ ဖြစ်ပါတယ်။ အဲဒီကင်မရာမှာ ရုပ်ထွက်အရည်အသွေး 32MP sensor နဲ့ အလင်းအားကောင်းတဲ့ f/2.0 aperture တို့ပါဝင်လာပါတယ်။ ဓာတ်ပုံရိုက်ကူးမယ့်သူရဲ့ မျက်လုံးကို autofocus ထားပေးပြီး ခန္ဓာကိုယ်လှုပ်ရှားမှုကို ခြေရာခံပေးပါတယ်။ ဒါ့အပြင် bokeh feature လည်းပါဝင်လာပါတယ်။

 

 

သတိပြုရမှာက X30 ရဲ့ Pro မဟုတ်တဲ့ဗားရှင်းက 50mm portrait ကင်မရာမှာ zoom ကင်မရာပါဝင်ပြီး optical နဲ့ 20x ဒီဂျစ်တယ် zoom ကိုအသုံးပြုနိုင်ပါတယ်။

X30 နဲ့ X30 Pro ဖုန်းတွေရဲ့ အဓိက ကင်မရာက 64MP sensor ပါဝင်ပြီး f/1.8 aperture နဲ့အတူ 26.4mm lens ပါဝင်လာပါတယ်။ Super Night mode က အမှောင်မှာ ဓာတ်ပုံရိုက်ကူးတဲ့အခါ noise ဖြစ်မှုကို လျှော့ချဖို့ ဓာတ်ပုံ ၁၂ ပုံကနေ ၁၆ ပုံအထိ ထပ်ပေးပါတယ်။ ဒါ့အပြင် Hyper HDR လည်းပါဝင်ပြီး ညအခါ နေရောင် ဒါမှမဟုတ် အလင်းရောင်ကို ကျောပေးရိုက်ကူးတဲ့အခါ အထောက်အပံ့ပေးမှာ ဖြစ်ပါတယ်။ဖုန်းမှာ 8MP ultrawide-angle ကင်မရာပါဝင်ပြီး 8MP ဓာတ်ပုံတွေရိုက်ကူးနိုင်တဲ့ 16mm ဒါမှမဟုတ် ၁၀၈ ဒီဂရီ ပါဝင်လာပါတယ်။ ဒါ့အပြင် 32MP selfie ကင်မရာကို punch hole ထဲမှာ ထည့်သွင်းထားပါတယ်။

vivo X30 ဖုန်းတွေမှာ ၆.၄၄ လက်မ Super AMOLED panel “XDR display” ပါဝင်လာပါတယ်။ အလင်းအားက 800 nits ရှိကာ ရုပ်ထွက်အရည်အသွေးက 1,080x 2,400 ဖြစ်ပါတယ်။

vivo X30 နဲ့ X30 Pro တို့မှာ Exynos 980 အသုံးပြုထားပြီး Cortex-A77 core နှစ်ခုပါဝင်သလို A55 core ၆ ခု ပါဝင်လာပါတယ်။ CPU နဲ့ Mali-G76 GPU တို့က ထုတ်ကုန်ရဲ့ အပူပိုက်ကို အေးအောင်ပြုလုပ်ပေးနိုင်ပါတယ်။


အခု chipset တွေမှာ 5G modem တစ်ပါတည်း ပါဝင်လာပါတယ်။ မြန်နှုန်းကလည်း 3.55Gbps အထိရှိပါတယ်။ ဒါ့အပြင် “Multi-Turbo 2.5” feature က 4G ဒါမှမဟုတ် 5G အကြားပြောင်းလဲပေးပြီး Wi-Fi ကွန်ရက် နှေးကွေးနေရင်လည်း download ကိုမြန်ဆန်အောင် ထောက်ပံ့ပေးပါတယ်။ ဖုန်းနှစ်မျိုးစလုံးမှာ ဘက်ထရီ 4,350mAh ပါဝင်ပြီး USB-C port ကတစ်ဆင့် 33W Flash Charge ထောက်ပံ့ပေးပါတယ်။ ဖုန်းတွေမှာ 3.5mm နားကြပ်ပေါက်ပါဝင်လာပါတယ်။ ဖုန်းနှစ်မျိုးစလုံးကို ဒီလနှောင်းပိုင်းအတွင်း တရုတ်နိုင်ငံမှာ ရောင်းချမှာ ဖြစ်ပါတယ်။

vivo X30 Pro ကို ဒီဇင်ဘာလ ၂၄ ရက်မှာ ရောင်းချမှာဖြစ်ကာ 8/128GB ကို ယွမ် ၄,၀၀၀ နဲ့ 8/256GB ကိုတော့ ယွမ် ၄,၃၀၀ နဲ့ရောင်းချမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၂၈ ရက်မှာတော့ vivo X30 ရဲ့ 8/128GB ဗားရှင်းကို ယွမ် ၃,၃၀၀ နဲ့ရောင်းချမှာ ဖြစ်ကာ 8/256GB ကတော့ ယွမ် ၃,၆၀၀ ကျသင့်ပါမယ်။vivo X30 ဖုန်းတွေမှာ Android 9 အခြေခံ Funtouch OS 10 ကိုအသုံးပြုထားပါတယ်။

စိုးထက်
Ref: GSMArena