Vivo X20 ကို စက်တင်ဘာ ၂၁ ရက်တွင် ပွဲထုတ်မိတ်ဆက်မည်

တရုတ်ကုမ္ပဏီရဲ့ တရားဝင် Weibo account ကနေ ထွက်ပေါ်လာတဲ့ ကြော်ငြာအရ Vivo X20 ကို စက်တင်ဘာ ၂၁ ရက်မှာ ပွဲထုတ်မိတ်ဆက်မယ်လို့ သိရပါတယ်။

သတင်းတွေရဲ့အဆိုအရ X20 မှာ Snapdragon 660 SoC အသုံးပြုထားပြီး 1080 x 2160px resolution နဲ့ဖော်ပြပေးနိုင်မယ့် ၅.၈ လက်မ AMOLED screen ပါဝင်မယ်လို့ သိရပါတယ်။ RAM က 6GB ဖြစ်ပြီး ကျောဘက်ကင်မရာက 24MP dual camera setup နဲ့ အရှေ့ဘက်ကင်မရာက 24MP ဖြစ်ပါတယ်။

ဒီစမတ်ဖုန်းမှာ 3,500mAh ဘက်ထရီပါဝင်လာဖွယ်ရှိပြီး ၀.၁ စက္ကန့်အတွင်း ဖုန်းကို unlock လုပ်ပေးမယ့် Face Unlock ကိုလည်း ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: GSMArena