Vivo V20 နဲ့ V20 Pro မိတ်ဆက်

Vivo ဟာ V20 နဲ့ V20 Pro တို့ကို မိတ်ဆက်လိုက်ပါတယ်။ စက်တင်ဘာ ၂၄ ရက် ရောက်ရင်လည်း V20 SE ဖုန်းကို မိတ်ဆက်မယ်လို့ သိရပါတယ်။

Vivo V20 Pro

Vivo V20 Pro ဖုန်းမှာတော့ Snapdragon 7665G SoC နဲ့ Android 10 အခြေခံ Funtouch OS 11 နဲ့ RAM 8GB , storage 128GB တို့ကို အသုံးပြုထားပါတယ်။

V20 Pro မျက်နှာပြင်အရွယ်က ၆.၄၄ လက်မ FullHd+ AMOLED display နဲ့ မျက်နှာပြင်အောက်မှာ fingerprint ထည့်သွင်းထားပြီး notch ထဲမှာ 44MP Eye Autofocus နဲ့ 8MP ultrawide အစိတ်အပိုင်းတို့ ပါဝင်လာပါတယ်။

V20 Pro ကျောဘက်မှာတော့ AG Matte မှန်ထည် အသုံးပြုထားတာကြောင့် အစင်းရာနဲ့ လက်ရာ မထင်ပါဘူး။

ကျောဘက်မှာ ကင်မရာ ၃ လုံးပါဝင်ပြီး 64MP နဲ့ 8MP ultrawide နဲ့ 2MP monochrome အစိတ်အပိုင်းတို့ ပါဝင်လာပါတယ။ ဒါ့အပြင် 8MP အစိတ်အပိုင်းက အရာဝတ္ထု ၂.၅ စင်တီမီတာအကွာက macro ရိုက်ချက်တွေ ရိုက်နိုင်ပါတယ်။

Vivo V20 Pro မှာတော့ Super Night Mode, Tripod Mode, Motion Autofocus, 3D Sound Tracking, Dual-View Video, Portrait Video နဲ့ 240 FPS Slo-Mo Selfie Video စတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာပါတယ်။

ဘက်ထရီကတော့ 4,000mAh ဖြစ်ပြီး 33W အထိ အားသွင်ပေးနိုင်ပါတယ်။ Vivo V20 Pro အခြား လုပ်ဆောင်ချက်တွေကတော့ dual- mode 5G, vapor chamber liquid cooling, USB-C port နဲ့ အသံအရည်အသွေးမြင့် ထောက်ခံချက်တွေ ပါဝင်လာပါတယ်။

Vivo V20 Pro ကိုတော့ အရောင် ၃ မျိုးနဲ့ ထုတ်လုပ်ပါမယ်။ စက်တင်ဘာလ ၃၀ ရက်မှာတော့ ထိုင်းနိုင်ငံအတွင်း ဒေါ်လာ ၄၈၀ နဲ့ တင်ပို့ရောင်းချပါမယ်။

Vivo V20

Vivo V20 မှာတော့ Snapdragon 720G SoC ပါဝင်လာပါတယ်။ ကင်မရာကတော့ 64MP အပါအဝင် ကင်မရာ ၃ လုံး ဖြစ်ပြီး 44Mp selfie ကင်မရာနဲ့ 33W အားသွင်းမြန်ဆန်စနစ်နဲ့ ဘက်ထရီ 4,000mAh ပါဝင်လာပါတယ်။

Vivo V20 ဈေးနှုန်းနဲ့ ရောင်းချမယ့်ရက်ကိုတော့ မထုတ်ပြန်သေးပါဘူး။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««