vivo V20 စမတ်ဖုန်းအား နိုဝင်ဘာ ၅ ရက် မှ စတင်ဝယ်ယူနိုင်မည်

vivo ရဲ့ premium flagship V series နောက်ဆုံးပေါ် V20 စမတ်ဖုန်းကို နိုဝင်ဘာ ၅ ရက်မှ စတင်ကာ မြန်မာနိုင်ငံစျေးကွက်မှာ စတင် ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။

ဓာတ်ပုံဝါသနာရှင် အသုံးပြုသူများရဲ့ လိုအပ်ချက်နဲ့ စိတ်ဝင်စားမှု အသစ်များကို အခြေခံပြီး V20 မှာ မိုဘိုင်းလ်ဓာတ်ပုံဆိုင်ရာ ဆန်းသစ်တဲ့ အရှေ့နဲ့ အနောက် ကင်မရာ လုပ်ဆောင်ချက်အသစ်တွေ ပါဝင်ပါတယ်။

“ပုံရိပ်၊ အကြောင်းအရာသစ်တွေ ဖန်တီးမှုနဲ့ ကျွန်တော်တို့ရဲ့ တန်ဖိုးရှိတဲ့ အမှတ်တရတွေကို ဖန်တီးခြင်း စတဲ့ မိုဘိုင်းလ်ဓာတ်ပုံရဲ့ အရွေ့တွေနဲ့အတူ V20 ဟာ လတ်တလော ဈေးကွက်ထဲ စွမ်းအင်ပြည့်နဲ့ ကိုယ်ပိုင်ဉာဏ်ရည်ရှိတဲ့ Eye Autofocus Feature နည်းပညာကို စတင် မိတ်ဆက်ပေးလိုက်ပါပြီ။ နေ့စဉ်နဲ့အမျှ ကျွန်တော်တို့ ရိုက်ကူးရယူနေကြတဲ့ Everyday photography တွေအတွက် အတွေ့အကြုံသစ်တွေကို သိမ်းကြုံးရယူလိုပြီး ရည်မှန်းချက်ကြီးမားတဲ့ လူငယ်လေးတွေ အတွက် ပေါ်ထွက်လာတဲ့ V20 ဟာ ဒီလူငယ်တွေရဲ့စတိုင်လ်နဲ့ ကိုယ်ရည်ကိုယ်သွေးတွေကိုပါ ထုတ်ဖော်ပြသနိုင်တဲ့ အသုံးအဆောင်တစ်ခု ဖြစ်လာတော့မှာပါ။ vivo ရဲ့ ဆန်းသစ်တီထွင်မှုတွေဟာ Customer တွေအတွက်ပါပဲ။ ကျွန်တော်တို့က ဒီ နည်းပညာသစ်၊ ဒီဇိုင်းသစ်တွေကို သုံးစွဲသူတွေအတွက် မျှဝေပေးရမှာ အလွန်ကိုပဲ စိတ်လှုပ်ရှားနေပါတယ်။ မိတ်ဆွေတို့ရဲ့ အမှတ်တရ အချိန်လေးတွေကို လုံးဝ ပညာရှင် တစ်ယောက် ရိုက်ပေးထားတဲ့အတိုင်း Professional quality နဲ့ ရိုက်ယူနိုင်ပြီး ပါးလွှာတဲ့ Ultra-sleek ဒီဇိုင်းကြောင့် ထင်ပေါ်နေမယ့် ဖုန်းတစ်လုံးရှိတာ ဘယ်လောက် အဆင်ပြေလိုက်သလဲ” လို့ Flagship V20 မိတ်ဆက်ပွဲမှာ vivo ရဲ့ CEO Mr. Nelson Ni က ပြောကြားခဲ့ပါတယ်။

vivo သည် အနီး၊အဝေးမှ ပုံရိပ်များကို ကြည်လင်ပြတ်သားတဲ့ ပုံရိပ်အရည်အသွေး (ultra-clear) ရရှိစေနိုင်တဲ့ ဓာတ်ပုံနဲ့ ဗီဒီယို နှစ်မျိုးစလုံးမှာ အဓိက အသုံးပြုနိုင်မယ့် မြန်ဆန်ကာ အလိုလို ဖမ်းယူနိုင်တဲ့ ဉာဏ်ရည်ရှိတဲ့ စွမ်းအား အကောင်းဆုံး၊ အဆန်းသစ်ဆုံး ဈေးကွက်ဦးဆောင် Eye Autofocus စွမ်းဆောင်ရည် (features) ကို တစ်ပါတည်း မိတ်ဆက်ပေးခဲ့ပြီး 44MP ရှိ ရှေ့ကင်မရာနဲ့ပင် လှပ၊ အရောင်စုံပြီး အသေးစိတ်ကျတဲ့ Portraits ပုံတွေကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ Ultra HD main front camera ဟာ အသေးစိတ် ပုံရိပ်တွေကိုပင် အတိအကျ ဖမ်းယူနိုင်ပြီး extreme zooming (အဆုံးစွန်ထိ မြင်ကွင်းချဲ့ကြည့်ခြင်း) ကိုပင် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

vivo V20 ရဲ့ Midnight Jazz နဲ့ Sunset Melody အားလုံးကို စျေးနှုန်း ၄၉၉,၈၀၀ ကျပ်ဖြင့် ဝယ်ယူနိုင်မှာ ဖြစ်ပြီး အထူးလက်ဆောင်များလည်း ရရှိနိုင်မှာဖြစ်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««