Vivo V20 စမတ်ဖုန်းကိုပြည်တွင်း၌စတင်မိတ်ဆက် နိုဝင်ဘာ ၄ ရက်အထိ Pre-order ပြုလုပ်ကာ လက်ဆောင်ပစ္စည်းများ ရယူနိုင်မည်

အဆင့်မြင့် Selfie နည်းပညာ၊ ပါးလွှာထင်ရှားတဲ့ ဒီဇိုင်းနဲ့ ပေါ့ပါးတဲ့ စွမ်းဆောင်ရည်တို့ပါဝင်တဲ့ flagship V-series ရဲ့ ဖုန်းအမျိုးအစားသစ်ဖြစ်တဲ့ Vivo V20 စမတ်ဖုန်းကို ပြည်တွင်းမှာ စတင်မိတ်ဆက်ခဲ့ပြီး နိုဝင်ဘာ ၄ ရက် အထိ Pre-order ပြုလုပ်ကာ လက်ဆောင်ပစ္စည်းများရယူနိုင်မယ်လို့သိရပါတယ်။

Vivo V20 မှာ ပရော်ဖက်ရှင်နယ် အဆင့်မီပြီး စွမ်းအားမြင့် Autofocus (AF) နည်းပညာပါဝင်တဲ့ 44MP Eye Autofocus ကင်မရာကို ထည့်သွင်း တပ်ဆင်ပေးထားတယ်လို့ သိရပါတယ်။ဒါ့အပြင် လုပ်ဆောင်မှုအလွန်ကောင်းမွန် တဲ့ 64MP နောက်ကင်မရာမှာ Super Night Mode ပါဝင်တာကြောင့် Zoom ပမာဏများစွာ ဆွဲသော်လည်း အလွန် ကြည်လင်ပြတ်သားတဲ့ ရုပ်ပုံအရည်အသွေးကို ရိုက်ချက်တိုင်းမှာ ရရှိနိုင်မယ်လို့ သိရပါတယ်။ 33W Flash Charge ဘတ်ထရီစနစ် ထည့်သွင်းအသုံးပြုထားပြီး ဘက်ထရီသက်တမ်းမှာလည်း တစ်နေ့တာလုံး ကြာရှည်စွာ အသုံးပြုနိုင်စေမယ်လို့ သိရပါတယ်။

“vivo အနေနဲ့ သုံးစွဲသူတွေရဲ့ လိုအပ်ချက်နဲ့ အကြိုက်ပေါ်မူတည်ပြီး အချိန်နဲ့အမျှ နည်းပညာတွေကို တိုးမြှင့်ပေးနေပါတယ်။ ကျွန်တော်တို့ဟာ သုံးစွဲသူတွေရဲ့ selfie ရိုက်ကူးမှု လိုအပ်ချက်တွေ၊ ဓာတ်ပုံရေစီးကြောင်းတွေ၊ ဆန်းသစ်တီထွင်လိုတဲ့ ဆန္ဒတွေကို ကောင်းစွာ နားလည်တဲ့အတွက် V20 မှာလည်း vivo က အနာဂတ်မှာ ခေတ်စားလာမယ့် ဒီဇိုင်းသွင်ပြင်နဲ့ စွမ်းဆောင်ရည်တွေကို ထည့်သွင်းထားပေးပြီး တကယ့်ကို ပရီမီယံအဆင့်ရှိတဲ့ ထုတ်ကုန်တစ်ခု အဖြစ် ဖန်တီးပေးထားတာပဲ ဖြစ်ပါတယ်။ V20 မှာ အဆင့်မြှင့်တင်ထားတဲ့ Autofocus ကင်မရာလုပ်ဆောင်မှုတွေ၊ အလွန်ပါးလွှာပြီး အထာကျတဲ့ ဒီဇိုင်းတွေ ပါဝင်လာပြီး ဈေးကွက်လိုအပ်ချက်အားလုံးနဲ့ ကိုက်ညီအောင် ထုတ်လုပ်ပေးထားပါတယ်” လို့ Vivo မြန်မာရဲ့ Chief Operating Officer ဖြစ်သူ Mr. Nelson Ni ကပြောပါတယ်။

Vivo V20 ဖုန်းအလေးချိန်မှာ ၁၇၁ ဂရမ်သာရှိပြီး ၇.၃၈ မီလီမီတာပဲရှိတဲ့ ပါးလွှာပေါ့ပါးသော ဒီဇိုင်းနဲ့ဖြစ်တယ်လို့ သိရပါတယ်။ ၆.၄၄ လက်မ AMOLED FHD+ ဖန်သားပြင်ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ အရောင်အနေနဲ့ Midnight Jazz နဲ့ Sunset Melody အဆိုပြီး ၂ မျိုးရှိမှာ ဖြစ်ပါတယ်။စွမ်းဆောင်ရည်ပိုင်းမှာတော့ Qualcomm® Snapdragon™ 720G processor ကို 8GB RAM နဲ့ တွဲဖက်ပေးထားကာ အချက်အလက်တွေ သိမ်းဆည်းဖို့အတွက်ကိုတော့ 128 GB ROM ထည့်သွင်းပေးထားပါတယ်။ Operating System ကိုတော့ Funtouch OS 11 (Android 11) အသုံးပြုထားပါတယ်။ ဘက်ထရီကိုတော့ 4000mAh ဘက်ထရီကို 33W Flash Charge နဲ့ပံ့ပိုးပေးထားတာဖြစ်ပါတယ်။အခြားသော ဂိမ်းနဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေကိုလည်း ထည့်သွင်းပေးထားတဲ့အတွက် ဓာတ်ပုံဝါသနာရှင်တွေအတွက်သာမကဘဲ ဂိမ်းကစားသူတွေအတွက်လည်း အဆင်ပြေစေမှာဖြစ်ပါတယ်။

V20 ဖုန်းကို ပြည်တွင်းစျေးကွက်အတွင်း နိုဝင်ဘာ ၅ ရက်မှ စတင်ဝယ်ယူနိုင်မှာဖြစ်ပြီး ငွေကျပ် ၄၉၉,၈၀၀ ကျပ်နဲ့ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««