Vivo V19

Price : 579,800 Ks (8/128GB)

အားသာချက်

ဆွဲဆောင်မှုအပြည့်ရှိတဲ့ ပရီမီယံကိုယ်ထည်ဒီဇိုင်း၊ မြန်ဆန်တဲ့ စွမ်းဆောင်ရည်၊ တောက်ပတဲ့ OLED Display နဲ့ ကောင်းမွန်တဲ့ Selfie ကင်မရာစနစ်တွေ ထောက်ပံ့ပါတွင်တာက ဒီဖုန်းရဲ့ အားသာချက်လို့ဆိုရမှာပါ။

အားနည်းချက်

သူမှာ သုံးထားတဲ့ processor က ၂၀၁၉ ခုနှစ် အစောပိုင်းထွက်ကို သုံးထားတာ၊ OS မှာ bloatware တွေ ပါဝင်တာက ဒီဖုန်းရဲ့ အားနည်းချက်ပါ။ ဈေးက အလယ်အလတ်တန်းစား ဖုန်းတစ်လုံးအတွက် ပြိုင်ဘက်မော်ဒယ်တွေနဲ့ယှဉ်ရင် အနည်းငယ်များတယ်လို့ ထင်ပါတယ်။

စွမ်းဆောင်ရည်

  • Qualcomm Snapdragon 712 (10 nm) CPU
  • Adreno 616 GPU
  • 8GB RAM
  • 128GB; microSD dedicated slot
  • Android 10, Funtouch 10.0

Vivo V19 မှာ အမြန်နှုန်း 2.3GHz ရှိတဲ့ Qualcomm Snapdragon 712 processor ၊ Adreno 616 GPU စနစ်၊ RAM 8GB နဲ့ အချက်အလက်သိုလှောင်နိုင်မှုကတော့ 128GB ပါဝင်ပြီး Android 10 အခြေခံ Funtouch 10.0 OS စနစ်ကို ထည့်သွင်း အသုံးပြုထားပါတယ်။ ဒီဖုန်းမှာ သုံးထားတဲ့ CPU က ၂၀၁၉ နှစ်စပိုင်းလောက်က မိတ်ဆက်ထားတဲ့ CPU အမျိုးအစားဖြစ်ပြီး GeekBench 5 (multi-core) ရမှတ် ၁၆၀၀ ရှိတာက Exynos 9611 သုံးထားတဲ့ Samsung Galaxy A51 ထက် မြင့်မားတဲ့ ရမှတ်ဖြစ်ပေမယ့် Snapdragon 855 သုံးထားတဲ့ Redmi K20 Pro ထက်တော့ နည်းတယ်လို့ ဆိုရမှာပါ။ ဒါပေမဲ့ 8GB RAM စနစ်ထောက်ပံ့ပါဝင်တဲ့အတွက် Snapdragon 712 SoC နဲ့ကို PUBG, Asphalt 9 စတဲ့ ဂိမ်းတွေကို အမြင့်ဆုံးဂရပ်ဖစ်စနစ်နဲ့ ကစားနိုင်မှာဖြစ်သလို နေ့စဉ် multiple apps တွေ အသုံးပြုမှုအတွက် ချောမွေ့မြန်ဆန်မှုရှိပါတယ်။ Funtouch OS မှာ system-wide dark mode ပါဝင်သလို Digital Wellbeing လုပ်ဆောင်ချက်တွေလည်း ပါဝင်လာပါတယ်။ OS မှာ DailyHunt, Amazon, Flipkart စတဲ့ Bloatware တွေနဲ့ Vivo app တွေထောက်ပံ့ပါဝင်လာပြီး တချို့ကိုသာ uninstall လုပ်နိုင်မှာဖြစ်ပါတယ်။

ဒီဇိုင်းနဲ့ မျက်နှာပြင်

  • Dual punch-hole selfie camera
  • 6.44 inches, Super AMOLED display
  • 20:9 aspect ratio
  • 60Hz refresh rate
  • Gorilla Glass 6
  • Fingerprint (under display, optical)
  • USB Type-C port, headphone port
  • 186.5g

ကျောဘက်ကို 3D curved ဖန်သား panel ဒီဇိုင်းက ပရီမီယံဆန်ပါတယ်။ ရှေ့နောက်မျက်နှာပြင် နှစ်ခုစလုံးကို Gorilla Glass 6 နဲ့ ဖုန်းအုပ်ထားပြီး ပတ်လည်ဘောင်တွေကတော့ အလူမီနီယံကိုယ်ထည်ဖြစ်ပါတယ်။ ကျစ်လျစ်မှုရှိတဲ့ ကိုယ်ထည်မှာ ဘေးဘောင်ကျဉ်းတဲ့ မျက်နှာပြင်ပြည့် မြင်ကွင်းရဲ့ ညာဘက်အပေါ်ထောင့်နားမှာ selfie ကင်မရာနှစ်လုံးကို Dual punch-hole ပုံစံနဲ့ ထည့်သွင်းထားပြီး လက်ဗွေစနစ်ကတော့ ဖုန်းရဲ့ Screen ထဲမှာ ထည့်သွင်းထားတဲ့ under display လက်ဗွေစနစ်ဖြစ်ပါတယ်။ ညာဘက် ဘေးဘောင်ထဲမှာ ပါဝါခလုတ်နဲ့အသံအတိုးအကျယ်ခလုတ်တွေ ထည့်သွင်းထားပါတယ်။ အောက်ဘက်ဘောင်ထဲမှာ နားကြပ်ပေါက်နဲ့ စပီကာကို USB အားသွင်းပေါက်ရဲ့ တစ်ဖက်တစ်ချက်စီမှာ ထည့်သွင်းထားပါတယ်။ V19 မှာ nano SIM ကတ်နှစ်ခုနဲ့ microSD ကတ်တွေ တစ်ပြိုင်နက် ထည့်သွင်းအသုံးပြုနိုင်မယ့် Triple card slot ကို ထည့်သွင်းပေးထားပါတယ်။
မျက်နှာပြင်အရွယ်အစား ၆.၄၄ လက်မရှိတဲ့ ဒီဖုန်းရဲ့ FHD+ Super AMOLED Display က ရုပ်ထွက်အရည်အသွေး 1080×2400 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါဝင်မှုက ၈၃.၇ ရာခိုင်နှုန်းရှိပြီး Screen ရဲ့ pixel densiy က 409ppi ရှိပါတယ်။ Fullscreen မျက်နှာပြင်က တောက်ပမှုရှိသလို ရုပ်ထွက်ကာလာ contrast ပိုင်းကြည်လင်ပြတ်သားမှုရှိပြီး နေရောင်အောက်မှာ အသုံးပြုတဲ့အခါမှာ Screen ရဲ့ Brightness တောက်ပမှုပိုင်းက ကျေနပ်စရာပါ။ Display မှာ HDR10 စနစ်လည်း ထောက်ပံ့ပါဝင်ပါတယ်။ Dual punch-hole အနေနဲ့ထည့်သွင်းထားတဲ့ selfie ကင်မရာက ပုံမှန်ဖုန်းအသုံးပြုတာအတွက် အဆင်ပြေပေမယ့် ဖုန်းကို အလျားလိုက်ထားပြီး ဂိမ်းကစားတဲ့အခါမှာ သတိပြုနိုင်ပါတယ်။ လက်ဗွေစနစ်က မြန်ဆန်မှုရှိပြီး ၁၈၆ ဂရမ် အလေးချိန် ကိုင်ရတာ ပေါ့ပါးမှုရှိတာ နှစ်သက်စရာပါ။

ကင်မရာ

  • Standard: 48MP, f/1.8, PDAF
  • 8MP, f/2.2 (ultrawide)
  • 2MP, f/2.4 (macro),
  • 2MP, f/2.4 (depth)
  • Selfie : 32M, f/2.1 (wide)
  • 8MP, f/2.3, (ultrawide)
  • Video : 4K@30fps, 1080p@30/60fps
  • LED flash, HDR, Panorama

Vivo V19 ရဲ့ ကျောဘက်မှာ ကင်မရာလေးလုံးနဲ့ ရှေ့ဘက်မှာ နှစ်လုံး စုစုပေါင်း ကင်မရာခြောက်လုံး ထည့်သွင်းပေးထားပါတယ်။ ကျောဘက်မှာ 48MP ကင်မရာ၊ 8MP wide-angle ကင်မရာ၊ 2MP macro ကင်မရာနဲ့ 2MP depth ကင်မရာကို ဒေါင်လိုက်ပုံစံ သေသပ်လှပဆွဲဆောင်မှုရှိရှိ ထည့်သွင်းထားပြီး ရှေ့ဘက်မျက်နှာပြင်ထဲမှာ 32MP နဲ့ 8MP dual selfie ကင်မရာနှစ်လုံးကို punch-hole ပုံစံနဲ့ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ကင်မရာစနစ်က နေ့ည ရိုက်ကူးမှု၊ indoor နဲ့ outdoor ရိုက်ကူးမှုအတွက် ကောင်းမွန်ပါတယ်။ ကင်မရာစနစ်မှာ PDAF နည်းပညာ ထောက်ပံ့ပါဝင်သလို night, portrait, Live Photo, Pro, Jovi Vison စတဲ့ လုပ်ဆောင်ချက် mode တွေပါဝင်ပြီး ရှေ့ဘက် selfie ကင်မရာနဲ့ သဘာဝကျတဲ့ ရုပ်ထွက်အရည်အသွေး ဓာတ်ပုံကို ရိုက်ကူးနိုင်တာ ကျေနပ်စရာပါ။ ကျောဘက်ကင်မရာနဲ့ 4K အရည်အသွေးဗီဒီယိုကို 30fps နဲ့ အမြင့်ဆုံးထားရှိ ရိုက်ကူးနိုင်မှာ ဖြစ်ပေမယ့် ဗီဒီယိုရိုက်ကူးမှုအတွက် EIS stabilization စနစ်တော့ ထောက်ပံ့ပါဝင်ခြင်း မရှိသလို ကင်မရာစနစ်မှာ OIS စနစ်လည်း ထောက်ပံ့ပါဝင်ခြင်း မရှိပါဘူး။

ဘက်ထရီ

  • Li-Po 4500mAh
  • 33W Fast Charging
  • 2.0, Type-C 1.0, USB On-The-Go
  • Vivo Flash Charge 2.0

Vivo V19 ရဲ့ 4500mAh ဘက်ထရီက တစ်နေ့တာအတွက် အပြည့်အဝ လုံလောက်မှုရှိတဲ့ ပမာဏပါ။ အားအပြည့်သွင်းထာရုံနဲ့ ဂိမ်းတွေ အဝဆော့နိုင်သလို ဆိုရှယ်မီဒီယာ App တွေ စိတ်ကြိုက်သုံးနိုင်မှာပါ။ သူမှာပါတဲ့ 33W fast charging အားသွင်းမြန်ဆန်တဲ့နည်းပညာက ၀ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်း အားအပြည့်ကို ၇၅ မိနစ်အတွင်း အားအပြည့်သွင်းပေးနိုင်ပါတယ်။

သုံးသပ်ချက်

လှပတဲ့ဒီဇိုင်း၊ တောက်ပတဲ့ Display ၊ မြန်ဆန်တဲ့စွမ်းဆောင်ရည်တွေကို ပိုင်ဆိုင်ထားတဲ့ Vivo V19 က စွမ်းဆောင်ရည် မြင့်မားကောင်းမွန်တဲ့ အလယ်အလတ်တန်းစား ဖုန်းတစ်လုံးလို့ဆိုရမှာပါ။ မိမိက Snapdragon 855 လို high-end chipset ဒါမှမဟုတ် အလယ်အလတ် chipset အသစ် Snapdragon 730G စတဲ့ Soc သုံးထားတဲ့ ဖုန်းကို ကိုင်ချင်တယ်ဆိုရင်တော့ Snapdragon 712 chipset ကို သုံးထားတဲ့ ဒီဖုန်းကို ရွေးချယ်ဖို့ စဉ်းစားမိမှာပါ။ မိမိအနေနဲ့ flagship-grade စွမ်းဆောင်ရည်ကို လိုချင်ရင်တော့ Redmi K20 Pro ဒါမှမဟုတ် Realme X2 Pro စတဲ့ ဖုန်းတွေကို ရွေးချယ်သင့်ပါတယ်။ တစ်နေ့တာ အပြည့်အဝသုံးနိုင်တဲ့ ဘက်ထရီစနစ်၊ ကောင်းမွန်တဲ့ကင်မရာ၊ မြန်ဆန်တဲ့စွမ်းဆောင်ရည်နဲ့ တောက်ပတဲ့ AMOLED display သုံးထားတဲ့ ဒီဖုန်းက ဖုန်းကို စွယ်စုံသုံးချင်ရုံသာမကဘဲ ဖက်ရှင်ကျကျ ကိုင်ချင်သူတွေ၊ ပရီမီယံဒီဇိုင်း အလယ်အလတ်တန်းစားဖုန်းကို ကိုင်ချင်သူတွေအတွက် ရွေးချယ်စရာတစ်ခုလို့ ဆိုရမှာပါ။

Display
Performance
Camera
Battery 
Hand on
Over all 

-ရဲထွဋ်ဝင်း