Vivo V19 ကို မြန်မာပြည်စျေးကွက်သို့ မကြာမီ မိတ်ဆက်မည်

Vivo မှ V19 ကို မကြာမီရက်ပိုင်းအတွင်း Vivo Facebook Page စာမျက်နှာပေါ်မှာ တိုက်ရိုက် Live လွှင့်ကာ မိတ်ဆက်ပေးသွားမယ်လို့ သိရပါတယ်။

Vivo V19 မှာ AMOLED မျက်နှာပြင်၊ quad-rear နောက်ကင်မရာနဲ့ 4500mAh ဘက်ထရီတို့ အသုံးပြုထားပါတယ်။ မျက်နှာပြင်အကျယ် ၆.၄၄ လက်မရှိပြီး ကြည်လင်ပြတ်သားတဲ့ full-HD + (1080×2400) Super AMOLED မျက်နှာပြင်အောက်ခြေမှာ လက်ဗွေစနစ်အသုံးပြုနိုင်တဲ့ fringerprint scanner တပ်ဆင်ပေးထားပါတယ်။ ဖုန်းအနောက်ဘက်ခြမ်းမှာ 48MP ပင်မကင်မရာ၊ 8MP အထူးမြင်ကွင်းကျယ်ကင်မရာ၊ 2MP macro sensor နဲ့ 2MP depth sensor အစရှိတဲ့ quad-rear ကင်မရာတွေ ပါဝင်ပါတယ်။ အရှေ့ဘက်မှာတော့ 32MP နဲ့ 8MP ဆယ်လ်ဖီကင်မရာ နှစ်လုံး ပါဝင်ပါတယ်။

V series မှာ Vivo Myanmar ရဲ့ flagship စီးရီးဖြစ်သည်နှင့်အညီ V19 မှာလည်း ခေတ်မီဆန်းသစ်ပြီး အနုပညာဆန်တဲ့ သပ်ရပ်လှပတဲ့ ဒီဇိုင်းနဲ့ ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။ မျက်လုံးထိခိုက်မှုမှ ကာကွယ်ပေးနိုင်တဲ့ နောက်ဆုံးပေါ် E3 OLED အသုံးပြုထားတဲ့ Dual iView မျက်နှာပြင်ကို အသုံးပြုထားပြီး ကိုယ်ထည်အရောင်က Gleam Black နဲ့ Sleek Silver ဆိုပြီး အရောင် ၂ မျိုးနဲ့ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ 8GB RAM အသုံးပြုထားပြီး 128 ROM ပါဝင်ကာ Qualcomm Snapdragon octa-core 712 Processor ကို အသုံးပြုထားပါတယ်။ Game Mode ကိုလည်း အဆင့်မြှင့်တင်ထားတဲ့ အတွက် ဂိမ်းကစားသူတွေ အနေနဲ့ Game Vibration ၊ Voice Changer နဲ့ Killer Countdown အစရှိတဲ့ အမိုက်စား Feature တွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 33W Vivo FlashCharge 2.0 နည်းပညာကြောင့် ဘက်ထရီအား လုံးဝကုန်နေတဲ့ အ​နေအထားမှ ၅၄ ရာခိုင်နှုန်း အထိ နာရီဝက်အတွင်း အမြန်အားဖြည့်ပေးနိုင်ပြီး 4500mAh super capacity ဘက်ထရီကြောင့် တစ်နေကုန် အသုံးပြုနိုင်သည်အထိ ဘက်ထရီအား ကြာရှည်ခံနိုင်မှာ ဖြစ်ပါတယ်!!

အစီအစဉ်တင်ဆက်နေစဉ်အတွင်း ဝင်ရောက် ကြည့်ရှုသူတွေကို မေးခွန်းများမေးပြီး live-stream အပြီးမှာ အဖြေမှန်သူတွေကို Vivo Myanmar မှရွေးချယ်ကာ Vivo V19 ကို မဲဖောက်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

V19 စတင်မိတ်ဆက်မယ့်ရက်ကို Vivo Myanmar မှ ပြန်လည်ကြေညာပေးသွားမှာ ဖြစ်ပြီး Vivo Myanmar ရဲ့ တရားဝင် Facebook စာမျက်နှာမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ တိုက်ရိုက် Live ထုတ်လွှင့်မှု အစီအစဉ်အတွင်း ဈေးနှုန်းအတိအကျ အပြင် အသေးစိတ် အချက်အလက်တွေကိုပါ ကြေညာပေးသွားမယ်လို့ သိရပါတယ်။ Vivo Myanmar ရဲ့ Brand Ambassador တွေဖြစ်တဲ့ ဝိုင်းစုခိုင်သိန်းနဲ့ နေခြည်ဦးတို့ကလည်း တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပါဝင်မှာဖြစ်ပြီး Vivo Flagship Smartphone အကြောင်းကို အသေးစိတ် မေးမြန်းနိုင်မယ်လို့ သိရပါတယ်။ Vivo V19 စတင်ရောင်းချမယ့်နေ့နဲ့ Pre-order ပြုလုပ်နိုင်မယ့် နေ့ကိုလည်း Vivo Myanmar ရဲ့Product Manager မှ တိုက်ရိုက်ထုတ်လွှင့်မှုအချိန်မှာ ကြေညာပေးသွားမယ်လို့ သိရပါတယ်။