Vivo V11 ဖုန္းကို စက္တင္ဘာ 25 ရက္တြင္ မိတ္ဆက္မည္

[ Zawgyi ]

Vivo ရဲ႕ In Display Fingerprint စနစ္နဲ႔ AI ကင္မရာစနစ္ေတြပါဝင္တဲ့ V11 ဖုန္းမိတ္ဆက္ပြဲကို စက္တင္ဘာ ၂၅ ရက္ေန႔မွာ Melia Hotel, Inya Ballroom မွာ က်င္းပျပဳလုပ္သြားမယ္လုိ႔ သိရပါတယ္။

ပြဲကိုေတာ့ ေန႔လည္ ၂ နာရီကေန ညေန ၅ နာရီအထိ ျပဳလုပ္သြားမွာျဖစ္ၿပီး မိတ္ဆက္ပြဲ အခမ္းအနား တစ္ခုလံုးကိုလည္း Live အေနနဲ႔ Vivo Myanmar Page နဲ႔ အင္တာနက္ဂ်ာနယ္ Facebook Page တို႔ကေန ထုတ္လႊင့္ျပသသြားမွာ ျဖစ္ပါတယ္။

V11 မိတ္ဆက္ပြဲ အခမ္းအနားပြဲျမင္ကြင္း Live ကို ၾကည့္႐ႈေနတဲ့သူအတြက္လည္း Live ထုတ္လႊင့္ျပသေနစဥ္ အတြင္းမွာတင္ Vivo ရဲ႕ V11 ဖုန္းကို ကံစမ္းမဲအေနနဲ႔ မဲေဖာက္ေပးသြားမွာျဖစ္တဲ့အတြက္ Vivo V11 ပြဲ Live အစီအစဥ္ကိုလည္း ေစာင့္ၾကည့္ရင္း  ကံစမ္းႏုိင္ဖုိ႔ ဖိတ္ေခၚထားပါတယ္။

အေသးစိတ္အခ်က္ အလက္ေတြကို ေတာ့ Vivo Myanmar ရဲ႕ Facebook Page ကေန မၾကာခင္ေၾကျငာေပးသြားမယ္လုိ႔ သိရပါတယ္။

[ Unicode ]

Vivo ရဲ့ In Display Fingerprint စနစ်နဲ့ AI ကင်မရာစနစ်တွေပါဝင်တဲ့ V11 ဖုန်းမိတ်ဆက်ပွဲကို စက်တင်ဘာ ၂၅ ရက်နေ့မှာ Melia Hotel, Inya Ballroom မှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

ပွဲကိုတော့ နေ့လည် ၂ နာရီကနေ ညနေ ၅ နာရီအထိ ပြုလုပ်သွားမှာဖြစ်ပြီး မိတ်ဆက်ပွဲ အခမ်းအနား တစ်ခုလုံးကိုလည်း Live အနေနဲ့ Vivo Myanmar Page နဲ့ အင်တာနက်ဂျာနယ် Facebook Page တို့ကနေ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။

V11 မိတ်ဆက်ပွဲ အခမ်းအနားပွဲမြင်ကွင်း Live ကို ကြည့်ရှုနေတဲ့သူအတွက်လည်း Live ထုတ်လွှင့်ပြသနေစဉ် အတွင်းမှာတင် Vivo ရဲ့ V11 ဖုန်းကို ကံစမ်းမဲအနေနဲ့ မဲဖောက်ပေးသွားမှာဖြစ်တဲ့အတွက် Vivo V11 ပွဲ Live အစီအစဉ်ကိုလည်း စောင့်ကြည့်ရင်း ကံစမ်းနိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။

အသေးစိတ်အချက် အလက်တွေကို တော့ Vivo Myanmar ရဲ့ Facebook Page ကနေ မကြာခင်ကြေငြာပေးသွားမယ်လို့ သိရပါတယ်။