
Price – 389,800 Ks (8/128GB)
အားသာချက်
ပါးလွှာပြီး လက်ထဲမှာ ကိုင်ရတာ ကောင်းမွန်တဲ့ ပရီမီယံဒီဇိုင်း၊ တောက်ပမှုရှိတဲ့ AMOLED Display နဲ့ ပျှမ်းမျှရှိသင့်တဲ့ ကြာချိန်ထက် ပိုကြာကြာသုံးနိုင်တဲ့ ဘက်ထရီ၊ Under display လက်ဗွေစနစ်၊ အလယ်အလတ်ဖုန်းတစ်လုံး အတွက် ကောင်းမွန်တဲ့ ကင်မရာစနစ်တွေက ဒီဖုန်းရဲ့ အားသာချက်ပဲဖြစ်ပါတယ်။
အားနည်းချက်
၂၀၁၉ တုန်းက မိတ်ဆက်ခဲ့တဲ့ S1 Pro တုန်းက အသုံးပြုခဲ့တဲ့ SoC ကိုပဲ ဒီဖုန်းမှာ ပြန်သုံးထားတာ၊ Under Display စနစ်က အနည်းငယ်နှေးတယ်လို့ ခံစားရတာ၊ Android 10 အစား Android 9 OS ကိုသာ အသုံးပြုထားသေးတာ၊ telephoto ကင်မရာစနစ် မပါဝင်တာတွေက ဒီဖုန်းရဲ့ အားနည်းချက်လို့ ဆိုရမှာပါ။
စွမ်းဆောင်ရည်
Qualcomm Snapdragon 665G (11 nm) CPU | Adreno 610 GPU |
8GB RAM | 128GB; microSD up to 256GB |
Android 10, Funtouch OS 9.2 |
Vivo S1 Prime မှာ Qualcomm Snapdragon 665G chipset ကို သုံးထားပြီး Andreno 610 GPU စနစ်၊ RAM 8GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 128GB ပါဝင်ပါတယ်။ microSD ကနေ သိုလှောင်မှုပမာဏကို 256GB ထပ်မံတိုးမြှင့် အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။ 11nm SoC ဖြစ်တဲ့ 665G processor က multitasking စွမ်းဆောင်ရည်ပိုင်းနဲ့ 8GB RAM စနစ်က ဂိမ်းအသေးစားနဲ့ အလယ်အလတ်အဆင့်ဂိမ်းတွေ ကစားဖို့အတွက် ချောမွေ့ကောင်းမွန်မှုရှိမှာ ဖြစ်ပေမယ့် 3D ဂရပ်ဖစ်ဂိမ်းအကြီးတွေကို ဆော့ကစားဖို့ကိုတော့ သိပ်အားမကောင်းတဲ့ processor လို့ ဆိုရမှာပါ။ ဒါပေမဲ့ ဒီဖုန်းမှာပါဝင်တဲ့ Ultra Game Mode စနစ်က ဂိမ်းစွမ်းရည်ကို Turbo boost လုပ်ပေးနိုင်မှာဖြစ်သလို အသံပိုင်းကိုလည်း ပြောင်းလဲပေးနိုင်တာ နှစ်သက်စရာပါ။ ဖုန်းရဲ့ အောက်ဘက်ဘောင်ထဲက စပီကာက ကျယ်လောင်မှုရှိသလို အသံထွက် အရည်အသွေးကလည်း ကောင်းမွန်ပါတယ်။ Android 9 အခြေခံ Funtouch OS 9.2 ကို အသုံးပြုထားပြီး OS စနစ်မှာ စုံလင်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်သလို dark mode theme လည်း ထောက်ပံ့ပါဝင်ပါတယ်။
ဒီဇိုင်းနဲ့ မျက်နှာပြင်
Mini-drop selfie camera | 6.38 inches, AMOLED display |
19.5:9 aspect ratio | Fingerprint (under display) |
190g |
လက်တစ်ဖက်တည်းနဲ့ ကိုင်တွယ် အသုံးပြုရတာ အဆင်ပြေလှတဲ့ ဒီဇိုင်းက ပရီမီယံဆန်သလို ကာလာပိုင်းကလည်း ဆွဲဆောင်မှုရှိလှပါတယ်။ အလေးချိန် ၁၉၀ ဂရမ် ရှိတဲ့ S1 Prime က လက်ထဲမှာ ကိုင်ရတာ အံဝင်ခွင်ကျရှိပြီး မလေးမပေါ့ အလေးချိန်လေးရှိတယ်လို့ ခံစားရပါတယ်။ S1 Pro လိုမျိုး ကျောဘက်ကင်မရာတွေကို စိန်ပွင့်ပုံစံ အကွက်ထဲမှာ ထည့်သွင်းထားပြီး ရှေ့ဘက်ကင်မရာကိုတော့ mini drop notch ထဲမှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ဖုန်းရဲ့ ညာဘက်ဘောင်ထဲက ပါဝါခလုတ်ကို အသံအတိုးအကျယ်ခလုတ် အောက်ဘက်နားမှာ ထည့်သွင်းထားပြီး ဘယ်ဘက်ဘောင်ထဲမှာ SIM ကတ်ပေါက်နဲ့ နားကြပ်ပေါက်ကို ထိပ်ဘက်ဘောင်ထဲမှာ ထည့်သွင်းထားပါတယ်။ အောက်ဘက်ဘောင်ထဲမှာ အားသွင်းပေါက်နဲ့ စပီကာတွေရှိမှာ ဖြစ်ပါတယ်။
Vivo S1 Prime ရဲ့ ၆.၃၈ လက်မရှိတဲ့ AMOLED Display က ရုပ်ထွက်အရည်အသွေး 1080×2340 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါဝင်မှုက ၈၃.၄ ရာခိုင်နှုန်း ရှိပြီး Screen ရဲ့ pixel densiy က 404 ppi ရှိပါတယ်။ တောက်ပကောင်းမွန်တဲ့ Screen က နေရောင်အောက် အသုံးပြုမှုအတွက် အဆင်ပြေကောင်းမွန်သလို under display လက်ဗွေက ပြိုင်ဘက်မော်ဒယ်ဖုန်းတွေနဲ့ ယှဉ်ရင်တော့ အနည်းငယ်နှေးတယ်လို့ ခံစားရပါတယ်။
ကင်မရာ
Standard: 48MP (wide), f/1.8, PDAF | 8MP, f/2.2 (ultrawide) |
2MP, f/2.4 (macro) | 2MP, f/2.4 (depth) |
Selfie : 16M, f/2.0 (wide) | Video : 1080p@30fps |
LED flash, HDR, Panorama |
S1 Prime ရဲ့ ကျောဘက်မှာ aperture f/1.8 ရှိတဲ့ 48MP အဓိက ကင်မရာ၊ ၁၁၉ ဒီဂရီမြင်ကွင်းကျယ် 8MP ultrawide ကင်မရာ၊ 2MP macro ကင်မရာနဲ့ 2MP depth ကင်မရာတွေ တပ်ဆင်ထားပြီး ကင်မရာမှာ PDAF နည်းပညာ ထောက်ပံ့ပါဝင်ပါတယ်။ နေ့ဘက် ရိုက်ကူးမှုအတွက် အဓိက ကင်မရာရဲ့ ရုပ်ထွက်က ကောင်းမွန်ပြီး detail, sharpness ပိုင်းနဲ့ ကာလာပိုင်းကလည်း သဘာဝကျလှပါတယ်။ Portrait mode က လူပုံရိုက်ကူးမှုအတွက်သာ မကဘဲ လူမဟုတ်တဲ့ အရာဝတ္ထုတွေရိုက်ကူးမှု အတွက်လည်း ကောင်းမွန်တယ်လို့ ဆိုရမှာပါ။ Low-light ဓာတ်ပုံရိုက်ကူးမှုနဲ့ ညပိုင်းရိုက်ကူးမှုက အလယ်အလတ်ဖုန်းတစ်လုံး အတွက် နှစ်သက်စရာကောင်းလှပါတယ်။ အနည်းငယ် noisy ရှိတယ်ဆိုပေမယ့် ကာလာရုပ်ထွက်ပိုင်းက စိုပြည်မှုရှိသလို ကြည်လင်ပြတ်သားမှုလည်း ရှိတယ်လို့ ဆိုရမှာပါ။ ရှေ့ဘက် 16MP selfie ကင်မရာရဲ့ ရုပ်ထွက်ပိုင်း ကောင်းမွန်သလို Selfie portrait ရဲ့ blur က သဘာဝကျတယ်လို့ ခံစားရပါတယ်။ S1 Prime က 1080p ဗီဒီယိုကို 30fps နဲ့ ရိုက်ကူးနိုင်ပေမယ့် ဗီဒီယိုစနစ်အတွက် gyro-EIS စနစ် ထောက်ပံ့ပါဝင်ခြင်း မရှိပါဘူး။
ဘက်ထရီ
Li-Po 4500mAh | 18W Fast Charging |
USB Type-C 2.0, USB On-The-Go |
ဒီဖုန်းမှာ ထည့်သွင်းထားတဲ့ 4500mAh ပမာဏ ဘက်ထရီစနစ်မှာ သာမန် 18W အားသွင်းမြန်ဆန်တဲ့ နည်းပညာ ထောက်ပံ့ပါဝင်ပြီး အားသွင်းပေါက်ကတော့ Type-C အမျိုးအစား ဖြစ်ပါတယ်။ ဘက်ထရီက ပုံမှန်အသုံးပြုတာကို ၂ ရက်လောက် အထိ အသုံးပြုနိုင်ပြီး ဗီဒီယိုအဆက်မပြတ် ဖွင့်ထားတာကို ၈ နာရီအထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဖုန်းကို ၈ နာရီလောက် ဆက်တိုက် အသုံးပြုထားပေမယ့် ဖုန်းကိုယ်ထည် ပူနွေးမှုမရှိတာကလည်း နှစ်သက်စရာပါ။
သုံးသပ်ချက်
Vivo S1 Prime က Vivo S1 Pro နဲ့ ရှေ့ selfie ကင်မရာ megapixel လောက်သာကွာသွားတာ၊ S1 Pro လို သတ္တုကိုယ်ထည် မဟုတ်တော့ဘဲ S1 Prime က ပလတ်စတစ်ကိုယ်ထည် ဖြစ်သွားတာက လွဲရင် ဘက်ထရီ၊ ကိုယ်ထည်ဒီဇိုင်း၊ ကင်မရာထည့်သွင်းထားပုံ၊ လက်ဗွေစနစ်၊ SoC အားလုံးက S1 Pro နဲ့ တူတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ S1 Prime က S1 Pro ထက် ဈေးပိုသက်သာပေမယ့် Display က AMOLED ဖြစ်သွားပြီး S1 Pro မှာတုန်းက Super AMOLED ကို သုံးခဲ့တာဖြစ်သလို Display ရဲ့ chin ပိုင်းကလည်း ဒီဇိုင်းအမြင်အရ S1 Pro ထက် အနည်းငယ် ပိုထူသွားတယ်လို့ သုံးသပ်ရမှာပါ။ အလယ်အလတ်တန်းစား ပရီမီယံဒီဇိုင်းဖုန်းကို သုံးချင်သူတွေအတွက် Vivo S1 Prime က သင့်တော်မှုရှိတယ်လို့ ဆိုရမှာ ဖြစ်သလို သူ့မှာသုံးထားတဲ့ Spec နဲ့ ကင်မရာစနစ်တွေက ပေးရတဲ့ဈေးနဲ့ သုံးရတာ တန်တယ်လို့ ခံစားရမှာဖြစ်ပါတယ်။ ဒါပေမဲ့ သင့်အနေနဲ့ ရှေ့ Selfie စနစ်ပိုင်း ပိုကောင်းတာ လိုချင်ရင်တော့ ဈေးနှုန်းသိပ်မကွာတဲ့ S1 Pro ကို ရွေးချယ်ဖို့ အကြံပြုလိုက်ပါတယ်။
Display | ![]() |
Performance | ![]() |
Camera | ![]() |
Battery | ![]() |
Hand On | ![]() |
Over All | ![]() |
-ရဲထွဋ်ဝင်း
»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««