VIVO S1 PRIME LIMITED EDITION ကို မြန်မာပြည်စျေးကွက်အတွင်း ယနေ့မှစတင်၍ ဝယ်ယူနိုင်မည်

Vivo ရဲ့ Limited Edition S1 Prime ကို ယနေ့မှ စတင်၍ ဖုန်းအရောင်းဆိုင်တွေမှာ ၃၈၉,၈၀၀ ကျပ်နဲ့ ၀ယ်ယူရရှိနိုင်ပြီ ဖြစ်ပါတယ်။

Vivo S1 Prime ကို မြန်မာလူငယ်များ အတွက် စတိုင်နဲ့ ဖက်ရှင်ကျလှပစေဖို့ ရည်ရွယ်ပြီး Nebula Blue နဲ့ Jade Black အရောင်တွေနဲ့ ထွက်ရှိလာပါတယ်။ Vivo S1 Prime မှာ AI နည်းပညာနဲ့ ထောက်ပံ့ပေးထားတဲ့ Face Beauty, Pose Master နဲ့ Super Night Selfie Cameras နည်းပညာများစွာပါ၀င်ပြီး အသုံးပြုသူတွေရဲ့ ရှုထောင့်နဲ့ နောက်ခံအလင်းရောင်တွေကို ချိန်ညှိ နိုင်သလို နမူနာ ကိုယ်ဟန်အနေအထားများကိုပါ ပြသပေးမှာဖြစ်ပါတယ်။

S1 Prime တွင် 16 MP ရှေ့ကင်မရာနဲ့ နောက်ဘက်တွင် 48 MP (ပင်မကင်မရာ) + 8 MP (မြင်ကွင်းကျယ် ကင်မရာ) + 2 MP Macro ကင်မရာ + 2 MP (အနီးကပ်ရိုက်နိုင်သည့် ကင်မရာ) တို့ ပါ၀င်ပါတယ်။ 8 GB RAM နဲ့ အချက်အလက်သိမ်းဆည်းဖို့ 128 GB တပ်ဆင်ထားတာကြောင့် နှစ်သက်ရာ အက်ပလီကေးရှင်းနဲ့ ဗီဒီယိုတွေ၊ အမှတ်တရဓာတ်ပုံတွေကို လုံလောက်စွာ သိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။ ၆.၃၈ လက်မအရွယ် Full HD + မိုးရေစက်ပုံစံ Super AMOLED မျက်နှာပြင်နဲ့ဖြစ်ပြီး မျက်နှာပြင်အောက်ဗွေ လက်လုံခြုံရေးစနစ် ပါဝင်ပါတယ်။ S1 Prime မှာ Qualcomm 665 နဲ့အတူ 18W Dual-Engine Fast Charging စနစ်၊ 4,500 mAh Battery နှင့်အတူ Type-C Charger ကို အသုံးပြုထားပါတယ်။

S1 Prime Limited edition ကို ယနေ့မှစတင်၍ တန်ဖိုး ၃၈၉,၈၀၀ ကျပ်နဲ့ စျေးကွက်အတွင်း စတင်ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။

-အောင်သူ