Vivo S1 Prime ၏ #IAmLimitedEdition အစီအစဉ်ပြုလုပ်

Vivo S Series ရဲ့ S1 Prime မှ Vivo S1 Prime Limited Edition က #IAmLimitedEdition အစီအစဉ်ကို တင်ဆက်လိုက်တယ်လို့ သိရပါတယ်။

ဒီအစီအစဉ်ကို Vivo Myanmar facebook page https://www.facebook.com/vivomobileMM ပေါ်မှာ ဩဂုတ် ၁၈ ရက် ကနေ ၂၆ ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။ ပါဝင်လိုသူတွေအနေနဲ့ ကိုယ့်မှာရှိတဲ့ limited edition လို့ယူဆရတဲ့ ထူးခြားဆန်းပြားတဲ့ ဖက်ရှင်ဒီဇိုင်း၊ အသုံးအဆောင် (ဥပမာ – ခရမ်းရောင်ဆံပင်၊ make-up creation၊ ဖိနပ်) စတာတွေကို ဓာတ်ပုံရိုက်ပြီး ကိုယ့်ရဲ့ facebook ပေါ်မှာ vivo နဲ့ tag တွဲပြီး post တင်ရမှာ ဖြစ်ပါတယ်။ ဓာတ်ပုံရဲ့ ခေါင်းစဉ်က ‘ဘယ်အရာက သင့်ရဲ့ special (သို့မဟုတ်) limited edition ဖြစ်တယ်ဆိုတဲ့အကြောင်း’ စာတစ်ကြောင်းရေးသားပြီး သူငယ်ချင်းနှစ်ယောက်ကို tag လုပ်ပြီး share ရမယ်လို့ သိရပါတယ်။

Limited Edition အစီအစဉ်မှာ ပါဝင်ယှဉ်ပြိုင်သူတွေရဲ့ ဖန်တီးတင်ပြနိုင်မှုပေါ်မူတည်ကာ Vivo က winner ၅ ဦး ရွေးချယ်ပေးသွားမှာဖြစ်ပြီး အနိုင်ရရှိသူတွေအနေနဲ့ vivo S1 Prime အတွက် အထူးသီးသန့်ရည်ရွယ် ထုတ်လုပ်ထားတဲ့ limited edition gift box ကို giveaway ရရှိမှာဖြစ်ပါတယ်။

-အောင်သူ

အင်တာနက်ဂျာနယ်ကနေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာကနေတစ်ဆင့် Subscription လုပ်ထားလိုက်ပါ……