Vivo ၏ Y series အသစ်ကို ပြည်တွင်ဈေးကွက်တွင် မကြာမီရောင်းချမည်ဟု သိရ

24MP အရှေ့ကင်မရာနှင့် FullViewTM Display ပါဝင်သည့် V7/V7+ တို့ကို ပြည်တွင်းဈေးကွက်တွင်း၌ ဖြန့်ဝေခဲ့သည့် Vivo အနေဖြင့် နောက်ထပ် ထုတ်ကုန်သစ်တစ်ခုကို ထပ်မံ မိတ်ဆက်ရောင်းဦးမည်ဖြစ်ကြောင်း သိရပါသည်။

ပြီးခဲ့သည့် လအတွင်းက V7 ကို မိတ်ဆက်ရောင်းချခဲ့သည့်အတွက် ယခုတစ်ခေါက် တင်သွင်းရောင်းချမည့် ထုတ်ကုန်မှာ Y series အမျိုးအစားအဖြစ် Y65 ကို တင်သွင်းရောင်းချမည်ဖြစ်ကြောင်း သိရပါသည်။

Y65 သည် 5.5 လက်မအကျယ် ရိုးရိုးမျက်နှာပြင်ဖုန်းအမျိုးအစားဖြစ်ပြီး FullViewTM အမျိုးအစား မဟုတ်ကြောင်း သိရပါသည်။ အရှေ့ကင်မရာမှာ 5MP ဖြစ်ပြီး အနောက်ကင်မရာမှာ 13MP ဖြစ်ကြောင်း သိရပါသည်။

Y65 တွင် processor အဖြစ် Qualcomm Snapdragon Quad-Core 1.4GHz ကိုအသုံးပြုထားပြီး RAM 3GB, Storage 16GB ဖြစ်ကြောင်း သိရပါသည်။ ဘက်ထရီအနေဖြင့် 3000 mAh (TYP) ဖြစ်ကြောင်းလည်း သိရပါသည်။

 

Vivo ၏ ထုတ်ကုန် series နှစ်မျိုးအနက် V7/V7+ တို့သည် ဈေးမြင့်ထုတ်ကုန် ဖြစ်ပြီး အခြား series ဖြစ်သည့် Y series သည် ဈေးနှုန်းအနည်းငယ် လျော့ကျသော ထုတ်ကုန်အမျိုးအစားဖြစ်ပါသည်။ သို့ရာတွင် Y65 ၏ ဈေးနှုန်းကို လက်ရှိအချိန်အထိ မသိရှိရသေးဘဲ လာမည့် နှစ်ဦးပိုင်းခန့်တွင် စတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်းသာ သိရပါသည်။