Vivo ၏ ထုတ်ကုန်သစ် မကြာမီ ထွက်ပေါ်လာဖွယ်ရှိ

Vivo သည် 24MP အရှေ့ကင်မရာ၊ FullViewTM Display ပါဝင်သည့် V7+ ကို ပြည်တွင်းဈေးကွက်တွင် ဖြန့်ချိခဲ့ပြီးသည့်နောက် မကြာမီ အချိန်အတောအတွင်း ထုတ်ကုန်သစ်တစ်ရပ်ကို ထပ်မံ တင်သွင်းလာဖွယ်ရှိကြောင်း သိရသည်။

Vivo သည် ၎င်းတို့၏ ထုတ်ကုန်များအား selfie ဦးစားပေးအဖြစ် ဦးတည်ပြီး ထုတ်လုပ်လာသောကြောင့် ထပ်မံတင်သွင်းလာမည့် ထုတ်ကုန်သည်လည်း selfie ဦးစားပေးသာ ဖြစ်လာဖွယ်ရှိသည်ဟု သုံးသပ်ရပါသည်။

လက်ရှိအချိန်တွင် စမတ်ဖုန်းထုတ်လုပ်မှု နယ်ပယ်၌ မျက်နှာပြင် ပိုမိုကျယ်ပြန့်မှုကို အထူးအလေးထား လာကြသည်ကို တွေ့မြင်နေရပြီး Selfie camera အရည်အသွေးကိုလည်း အပြိုင်အဆိုင် မြှင့်တင်နေကြသည်ကို တွေ့မြင်ရပါသည်။

အထူးသဖြင့် တရုတ်အခြေစိုက် စမတ်ဖုန်းကုမ္ပဏီကြီးများသည် မျက်နှာပြင်ကျယ်၍၊ ကင်မရာပိုင်းဆိုင်ရာ အားသာမှုများ ပိုမိုရရှိစေရန် အပြင်းအထန် ပြိုင်ဆိုင်လျက်ရှိကြသည်ကို တွေ့မြင်နေရပါသည်။

ဈေးကွက်တောင်းဆိုမှုနှင့် ဦးတည်မှုများအရ Vivo သည်လည်း ၎င်း၏ ထုတ်ကုန်များကို မျက်နှာပြင်ကျယ်ပြန့်မှု၊ selfie camera ပိုင်း အရည်အသွေးကောင်းမှုကိုသာ ဦးစားပေးလာမည်ဟု ခန့်မှန်းရပါသည်။

ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းတွင် V7+ ကိုဖြန့်ချိခဲ့သည့် Vivo အနေဖြင့် လက်ရှိတွင် Y52, Y53, Y55, Y55s, V5, V5 Lite စသည်တို့ကိုလည်း တင်သွင်းရောင်းချလျက်ရှိကြောင်း သိရသည်။

-ကိုသက်