Vivo ၏ ထုတ်ကုန်သစ်တစ်ခုကို ပြည်တွင်း၌ မကြာမီမိတ်ဆက်မည်

Vivo သည် ပြည်တွင်းဈေးကွက်သို့ အရည်အသွေးမြင့် ကင်မရာပါဝင်သည့် V5 series ကို ဖြန့်ဝေခဲ့ပြီး ၈ လ အကျော်အကြာတွင် နောက်ထပ် Vivo ထုတ်ကုန်သစ်တစ်ခုကို ထပ်မံမိတ်ဆက် ရောင်းချတော့မည်ဖြစ်ကြောင်း သိရသည်။

V5 သည် 20MP Softlight Camera ကြောင့် Selfie ဝါသနာရှင်များ အကြိုက်တွေ့ခဲ့ကြသည့် ထုတ်ကုန်လည်း ဖြစ်ခဲ့သည်။ ထို့အပြင် Limited Edition အဖြစ် V5 Matte Black ကို ထုတ်လုပ်ရောင်းချခဲ့ရာတွင်လည်း အောင်မြင်မှုများ ရရှိခဲ့ကြောင်း သိရသည်။ ပြိုင်ဘက် မိုဘိုင်းကုမ္ပဏီကြီးများကလည်း ပိုမိုကောင်းမွန်သည့် နည်းပညာများ၊ function များဖြင့် ထုတ်ကုန်သစ်များကို ထုတ်လုပ်ရောင်းချရန် ကြိုးပမ်းနေကြသည့်အချိန်တွင် Vivo ကလည်း MWC Shanghai တွင် ၎င်းတို့၏ တိုးတက်မှုများကို ပြသခဲ့သည်။

အဆိုပါပြပွဲကြောင့် လက်ရှိအချိန်တွင် Vivo ၏ ထုတ်ကုန်သစ်အကြောင်းမှာ ပို၍တွေးတောချင်စရာကောင်း နေသည်ဟု ဆိုရမည်ဖြစ်သည်။ အထူးသဖြင့် မြန်မာပြည်ဈေးကွက်အတွင်း ပြိုင်ဆိုင်မှု မြင့်မားနေသည့် အမှတ်တံဆိပ်များဖြစ်ကြသည့် Samsung, Huawei, OPPO အစရှိသည်တို့နှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ထုတ်ကုန်တစ်ခု ဖြစ်မဖြစ်ကို စိတ်ဝင်တစား စောင့်ကြည့်ရမည်သည်။

ကမ္ဘာ့အထင်ကရ နည်းပညာ website များတွင် Vivo အနေဖြင့် V Series ထုတ်ကုန်သစ်ကို မိတ်ဆက်တော့မည် ဖြစ်ကြောင်း ဖော်ပြလျက်ရှိပြီး နောက်ဆုံး ထွက်ပေါ်လာသော သတင်းများအရ Vivo ၏ ထုတ်ကုန်သစ်မှာ V7+ ဖြစ်ကြောင်း သိရသော်လည်း အသေးစိတ် အချက်အလက်များကိုမူ အတိအကျ ဖော်ပြထားခြင်းမရှိပေ။ Vivo ထုတ်ကုန်သစ်၏ အရည်အသွေးမှာ V5 ထက် ပိုမိုမြင့်မားလာမည် ဖြစ်သော်လည်း V7+ ဈေးနှုန်းမှာ များစွာမြင့်မားသွားမည်မဟုတ်ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

-ကိုသက်