vivo ဝက်ဘ်ဆိုက်မှာ TWS Neo အချက်အလက် အသေးစိတ်ဖော်ပြထား

ပြီးခဲ့တဲ့အပတ်က vivo က အသစ်ထွက်ရှိမယ့် TWS နားကြပ်ကို အမြည်းမိတ်ဆက်ခဲ့တယ်။ အခုအခါမှာတော့ vivo က TWS Neo အသေးစိတ်အချက်အလက်ကို ဝက်ဘ်ဆိုက်မှာ တင်ခဲ့ပါတယ်။ vivo တရုတ်တရားဝင် ဝက်ဘ်ဆိုက်မှာ အသေးစိတ်အချက်နဲ့ feature တွေကို တင်ခဲ့တာပါ။

နားကြပ်တွေမှာ ၁၄.၂ မီလီမီတာ driver တွေပါဝင်ပြီး အရည်အသွေးမြင့် သီချင်းတွေနားထောင်ဖို့ Qualcomm AptX codec ထောက်ပံ့ထားပါတယ်။ ကွဲပြားတဲ့ EQ settings လည်း ပါဝင်လာပါတယ်။
TWS Neo ဈေးနှုန်းက ယွမ် ၉၉၉၉ လို့ဖော်ပြထားပေမယ့် ဈေးနှုန်းပိုမိုသက်သာဖွယ်ရှိပါတယ်။ vivo TWS အရင်မျိုးကတော့ ယွမ် ၉၉၉ (၁၃၉ဒေါ်လာ) ကျသင့်ပါတယ်။ TWS Neo ကိုအပြာနဲ့ အဖြူဆိုပြီး ထုတ်လုပ်ပါမယ်။

စိုးထက်
Ref: GSMArena