vivo ရဲ့ Tik Tok ပြိုင်ပွဲအစီအစဉ်မှာ အနိုင်ရသူများထွက်ပေါ်လာ

vivo မှ Tik Tok ပြိုင်ပွဲအစီအစဉ် တစ်ခုကို ဩဂုတ် ၁၅ ရက် မှ ၂၉ ရက်အထိ vivo Myanmar Facebook page မှာပြုလုပ်ခဲ့ပါတယ်။

ဒီပြိုင်ပွဲမှာ ပထမဆုကို @PhyoEiSan ကရရှိခဲ့ပြီး vivo S1Prime Limited Edition ဖုန်း ကို ပေးအပ်ချီးမြှင့်ခဲ့သလို အခြားဆုရရှိသူတွေကိုလည်း vivo S1Prime Limited Edition Gift Set တွေ အသီးသီးပေးအပ်ခဲ့ပါတယ်။ ဆုရရှိသူတွေကို သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ကိုက်ညီပြီး အလှဆုံးကပြနိုင်ခဲ့သူတွေကို ရွေးချယ်ခဲ့တာပဲဖြစ်တယ်လို့ သိရပါတယ်။ vivo S1 Prime မှာ ထူးခြားဆန်းပြားပြီး ရုပ်ရှင်ကြည့်ရှုခြင်းအတွက် အကောင်းဆုံးအတွေ့အကြုံ ကို ပေးစွမ်းနိုင်စေဖို့ ၆.၃၈ လက်မအရွယ်ရှိ Full HD + မိုးရေစက်ပုံစံ Super AMOLED မျက်နှာပြင်နည်းပညာ ထည့်သွင်းပေးထားပြီး မျက်နှာပြင်အောက်လက်ဗွေလုံခြုံရေးစနစ်နဲ့ 3D curved metal body ပါ၀င်

တယ်။ 4500 mAh ဘက်ထရီကို အသုံးပြုထားပြီး 18W Flash Charge အမြန်အားသွင်းစနစ်ပါဝင်ပါတယ်။

Prime Limited Edition ကို ၃၈၉,၈၀၀ ကျပ်နဲ့ ပြည်တွင်းစျေးကွက်အတွင်း ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ Z ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««