vivo မှ V20 SE စမတ်ဖုန်းကို မြန်မာနိုင်ငံတွင် စတင််မိတ်ဆက်ခဲ့ပြီး ဒီဇင်ဘာ ၅ ရက်တွင် စတင်ဝယ်ယူနိုင်မည်

vivo မှ V20 series အသစ်မှာ ပါဝင်မယ့် vivo V20 SE စမတ်ဖုန်းကို မြန်မာနိုင်ငံဈေးကွက်သို့ မိတ်ဆက်လိုက်ပြီ ဖြစ်ပြီး ဒီဇင်ဘာ ၅ ရက်မှ စတင်ကာ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

vivo V20 SE မှာ ၆.၄၄ လက်မအရွယ် 1080P AMOLED Halo Full View ™ Display အသုံးပြုထားပြီး မျက်နှာပြင်ကိုထိကာ ဖုန်း lock ဖွင့်နိုင်မယ့် In-Display Fingerprint Scanning ပါဝင်ပါတယ်။ Qualcomm® Snapdragon™ 665 processor နဲ့ဖြစ်ပြီး 8GB RAM နဲ့အတူ 128 GB ROM ပေါင်းစပ်ပေးထားတဲ့အတွက် Application တွေနဲ့ ဂိမ်းများအတွက် ချောမွေ့တဲ့ စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ဘက်ထရီပိုင်းအတွက်ကိုတော့ 4,100 mAh ဘက်ထရီ ထည့်သွင်း အသုံးပြုထားပြီး 33 W Flash Charge ထောက်ပံ့ပေးထားပါတယ်။ 33W Flash Charge နည်းပညာမှာ ယခုအခါ ၅၀ ရာခိုင်နှုန်း ပိုမိုမြန်ဆန်လာပြီး မိနစ် ၃၀ အတွင်း ၆၂ ရာခိုင်နှုန်း၊ အားအပြည့်သွင်းရန် တစ်နာရီအောက်သာ ကြာမြင့်မယ်လို့ သိရပါတယ်။

ကင်မရာစနစ်ကိုတော့ 48 MP, f/1.8, 25mm (wide), 8 MP, f/2.2, 16mm (ultrawide), 2 MP, f/2.4, (depth) , 32 MP, f/2.0, (wide) Selfie camera တွေနဲ့ တည်ဆောက်ထားပြီး ထူးခြားဆန်းသစ်တဲ့ လုပ်ဆောင်ချက်တွေကိုလည်း ပြည့်စုံအောင် ထည့်သွင်းပေးထားပါတယ်။ vivo V20 SE မှာ Gravity Black နဲ့ Oxygen Blue ဆိုပြီး ရွေးချယ်စရာ အရောင် (၂) မျိုးရှိတဲ့အတွက် နှစ်သက်ရာအရောင်ကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ V20 SE ဖုန်းကို မြန်မာနိုင်ငံစျေးကွက်အတွင်း ဒီဇင်ဘာ ၅ ရက်မှာ စတင်ဝယ်ယူနိုင်မှာဖြစ်ပြီး တန်ဖိုးက ၃၇၉,၈၀၀ ကျပ် ဖြစ်ပါတယ်။

-အောင်သူ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««