Vivo မှ ရက်ပေါင်း ၉၀ အာမခံသက်တမ်း တိုးမြှင့်သတ်မှတ်

Vivo မှ ရက်ပေါင်း ၉၀ အာမခံသက်တမ်း တိုးပေးခြင်းကို ၂၀၂၀ ခုနှစ်၊ ဧပြီ ၁ ရက် မှ မေလ ၃၁ ရက်အထိ မြန်မာနိုင်ငံအတွင်း ရောင်းချတဲ့ vivo စမတ်ဖုန်းအားလုံးအတွက် ဆောင်ရွက်ပေးလိုက်တယ်လို့ သိရပါတယ်။

Vivo မှ Customer Service Center ကို ဧပြီ ၂၁ ရက်အထိ ခေတ္တ ပိတ်ထားမည်ဖြစ်တဲ့အတွက် အာမခံသက်တမ်းကို ၂၀၂၀ ဧပြီ ၁ ရက် မှ မေ ၃၁ ရက်အထိ ပြန်လည် တိုးမြှင့်ပေးခြင်းဖြစ်ကြောင်း၊ ဝန်ဆောင်မှုစင်တာ ပြန်လည်ဖွင့်လှစ်ခြင်း မပြုမီအချိန်အတွင်း ဖုန်းမှန်ကွဲ အစားထိုးလဲလှယ်မှု ရက် ၉၀ အာမခံ သက်တမ်းတိုးပေးခြင်း (သို့) အာမခံသက်တမ်းကုန်ဆုံးသွားတဲ့ သက်တမ်းတိုးထားတဲ့ Vivo ဖုန်းဟန်းဆက်များအတွက် ဝန်ဆောင်မှုကာလကို ဝန်ဆောင်မှုစင်တာ ပြန်လည် စတင်ဖွင့်လှစ်မည့်ရက်မှစ၍ ၇ ရက် ထပ်မံ တိုးချဲ့ပေးမှာဖြစ်ကြောင်း သိရပါတယ်။

အသေးစိတ်အချက်အလက်များကို Hotline ဖုန်း ၀၉-၄၂၄၂၅၇၃၀၀ (တနင်္လလာမှ သောကြာနေ့အထိ – နံနက် ၈း၃၀ မှ ၅း၃၀ အထိ) ကို ဆက်သွယ်စုံစမ်းနိုင်သလို https://www.facebook.com/vivoServiceCenterMM နဲ့ Email: vivomyanmar.customercare@mm.vivo.com မှတစ်ဆင့်လည်း ဆက်သွယ်စုံစမ်းနိုင်မှာဖြစ်ပါတယ်။

-အောင်သူ