Vivo မိတ်ဆက်ခဲ့တဲ့ OriginOS ဆိုတာဘာလဲ

Vivo ကတော့ နိုဝင်ဘာ ၁၉ ရက်က Vivo Developer ကွန်ဖရင့်မှာ OriginOS ကိုမိတ်ဆက်ခဲ့တယ်။ OriginOS ကို တရုတ်ပြည် ပြင်ပမှာလည်း ဖြန့်ချိမယ်လို့ Vivo ကပြောထားပါသေးတယ်။

Vivo က OriginOS Android skin ကိုစမ်းသပ်နေတာ အချိန်တော်တော် ကြာပါပြီ။ Vivo အသုံးပြုသူတွေက OriginOS နဲ့ FunTouch ကိုပြောင်းလဲ အသုံးပြုနိုင်ပါတယ်။

OriginOS ဒီဇိုင်းနဲ့ feature များ

OriginOS homescreen မှာတော့ ထောင့်မှန်စတုဂံနဲ့ စတုရန်း widget တွေပါဝင်လာပါတယ်။ အဲဒီ ဒီဇိုင်းက Klotski grid လို့ Vivo ကခေါ်ပါတယ်။

OriginOS မှာပါတဲ့ “Nano Alerts” လို့အမည်ရပါတယ်။ အဲဒီ သတိပေးချက် အချက်အလက်တွေမှာ Windows Live Tiles လည်းပါဝင်လာပါတယ်။ ဥပမာအဖြစ် Vivo က လေကြောင်းသတင်းအချက်အလက်၊ ရာသီဥတုနဲ့ ဧည့်လမ်းညွှန်တွေကို ကွန်ဖရင့်မှာ ပြခဲ့ပါတယ်။

OriginOS ထဲက တကယ့်ကမ္ဘာကြီးထဲက wallpaper နဲ့နောက်ခံကို အမှီပြုထားပါတယ်။ ဥပမာဆိုရရင် ကောင်းကင်နောက်ခံနဲ့ တိမ်၊ လေ စတဲ့ ရာသီဥတုသက်ရောက်မှု အမျိုးမျိုး ဖော်ပြပေးပါတယ်။ ဒေသအမျိုးမျိုးကနေ တိမ်ပုံစံတူတွေ ရယူထားပြီး လေထုက သက်ရောက်မှုကိုလည်း ဖော်ပြပေးပါမယ်။ သုံးစွဲသူက OriginOS နဲ့ FunTouch skin အကြား ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။

ဘယ်အချိန်မှာ ဖြန့်မလဲ

ကနဦးမှာ Vivo အနေနဲ့ OriginOS ကိုတော့ တရုတ်ပြည်တွင်းမှာပဲ ဖြန့်ချိပါမယ်။ နောက်ပိုင်းမှာ ကမ္ဘာလုံးဆိုင်ရာ အခြားဈေးကွက်တွေ အထိ ဖြန့်မယ်လို့ Vivo ကအတည်ပြုထားပါတယ်။

Vivo ဟာ OriginOS public beta အတွက် အဆင့် ၃ ဆင့်နဲ့ ဖြန့်ချိမယ်လို့ Weibo ကနေကြေညာခဲ့ပါတယ်။ ပထမဆုံး OriginOS ဖြန့်ချိမှုကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီအကုန်မှာ စတင်ဖြန့်ပါမယ်။

OriginOS ရရှိမယ့် ထုတ်ကုန်တွေကတော့-

  • Vivo Nex 3S
  • Vivo X50 (Pro နဲ့ Pro Plus မော်ဒယ်တွေပါဝင်)
  • Vivo S7
  • Iqoo 5 Pro
  • Iqoo 5
  • Iqoo 3
  • Iqoo Pro
  • Iqoo
  • Iqoo Neo 3 တို့ပါဝင်ပါတယ်။

ဒုတိယအဆင့်ကတော့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီမှာ စတင်ပါမယ်။ ထောက်ပံ့မယ့် ထုတ်ကုန်တွေကတော့-

  • Vivo Nex 3 (5G မော်ဒယ်ပါဝင်)
  • Vivo X30 (Pro မော်ဒယ်ပါဝင်)
  • Iqoo Neo series တို့ဖြစ်တယ်။

နောက်ဆုံးအဆင့်မှာ Vivo က ၂၀၂၁ ခုနှစ်၊ ဒုတိယသုံးလပတ်အတွင်း OriginOS ထောက်ပံ့ပါမယ်။ ထောက်ပံ့ပေးမယ့် ထုတ်ကုန်တွေက-

  • Vivo X27 (Pro မော်ဒယ်ပါဝင်)
  • Vivo S6
  • Vivo S5
  • Vivo S1 Pro
  • Vivo S1
  • Vivo Z6
  • Vivo Z5x
  • Vivo Z5i
  • Vivo Z5
  • Iqoo Z1x
  • Iqoo Z1
  • Vivo Nex S

Vivo Nex (dual-screen and in-display fingerprint sensor အမျိုးအစား) တို့ဖြစ်ပါတယ်။

-စိုးထက်
Ref: AndroidAuthority

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««