Vivaldi Web browser 2.7 ကို ထည့်သွင်းခြင်း

Ubuntu OS မှာ Vivaldi web browser 2.7 ကို ထည့်သွင်းနည်းဖြစ်ပါတယ်။ Vivaldi web browser 2.7 မှာ အသံပိုင်းကို ထိန်းချုပ်နိုင်တဲ့ feature ပိုမို ကောင်းမွန်လာပြီး ထည့်သွင်းသုံး စွဲလိုသူတွေအနေနဲ့ ဖော်ပြပါနည်းလမ်းအတိုင်း လုပ်ဆောင် နိုင်ပါတယ်။

Ubuntu OS မှာVivaldi 2.7 ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကိုCtrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package
တွေကို အရင် Update ပြုလုပ်ရမှာဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီဆိုရင် တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။ Vivaldi version 2.7 ကို ထည့်သွင်းမယ်ဆိုရင် ပထမဆုံး http://bit.ly/321MC2N ဆိုတဲ့
ဝက်ဘ်ဆိုက်လိပ်စာမှာ Vivaldi ရဲ့ deb file ကိုအရင်ဆုံး download လုပ်ယူရပါမယ်။ ပြီးရင် terminal မှာ

sudodpkg -i ~/Downloads/vivaldi-stable_2.7*.deb

wget -qO- https://repo.vivaldi.com/archive/ linux_signing_key.pub | sudo apt-key add –

sudo add-apt-repository ‘deb https://repo.vivaldi.com/archive/deb/ stable main’

sudo apt update &&sudo apt install vivaldi-stable

ဆိုတဲ့ command တွေကို ထည့်သွင်းပြီး install လုပ်ဆောင် နိုင်ပြီဖြစ်ပါတယ်။

-သီဟ