Vision-S အမည်ရ လျှပ်စစ် concept ကားနဲ့ လူအများကို Sony အံ့အားသင့်စေခဲ့

Sony ဟာ CES 2020 ပွဲမှာ လူအများအံ့အားသင့်စေတဲ့ ထုတ်ပြန်ချက်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ Sony ဟာ Vision-S အမည်ရ လျှပ်စစ် concept ဆီဒန်ကားကို ထုတ်ဖော်မိတ်ဆက်ခဲ့ပါတယ်။

Vision-S ကားရဲ့ အတွင်းနဲ့ အပြင်ဘက်မှာ မတူညီတဲ့ sensor ၃၃ မျိုး ပါဝင်လာပါတယ်။ ကားမှာ widscreen display များစွာ၊ ၃၆၀ ဒီဂရီ အသံပိုင်းနဲ့ always-on ချိတ်ဆက်မှုအပြင် BlackBerry နဲ့ Bosch လိုမျိုး player တွေလည်း ပါဝင်လာပါတယ်။ အခုကားကို လျှပ်စစ်ကား platform အသစ်အဖြစ် ဒီဇိုင်းထုတ်ထားပြီး ကားကို Magna တည်ဆောက်ပေးထားတာ ဖြစ်ပါတယ်။

ကားရဲ့ အပြင်ဘက် ဒီဇိုင်းက Porsche လိုမျိုးဖြစ်ပြီး ဘေးဘက်ကတော့ Lucid Motors Air နဲ့ဆင်တာကို တွေ့ရပါတယ်။ Vision-S အတွင်းခန်းမှာ dashboard အထိ တိုးချဲ့ထားတဲ့ မျက်နှာပြင် ပါဝင်လာပါတယ်။ ကားနောက်ခုံမှာလည်း ခေါင်းမှီလိုရတဲ့ခုံနဲ့ screen တွေလည်းပါဝင်လာပါတယ်။

စိုးထက်
Ref: TheVerg