Virtual Application Fair: Study in Australia ပညာရေးဆွေးနွေးပွဲ ကျင်းပမည်

Regent Education မှ ကြီးမှူးတဲ့ Virtual Application Fair: Study in Australia ပညာရေးဆွေးနွေးပွဲကို ဇန်နဝါရီ ၃၀ ရက်၊ နေ့လယ် ၁ နာရီမှ ၃ နာရီထိ Zoom နဲ့ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ပညာရေးဆွေးနွေးပွဲကြီးမှာ သြစတြေးလျနိုင်ငံရဲ့ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များမှ (AUD 75,000) ရရှိနိုင်မယ့် အခွင့်အရေး၊ ထူးချွန်ကျောင်းသူ၊ ကျောင်းသားများအတွက် (၄) နှစ် ဆက်တိုက် Scholarship များကို ရရှိနိုင်မယ့် အခွင့်အရေး၊ ကျောင်းလျှောက်ထားသူတိုင်းကို New Normal Life မှာ အထောက်အကူဖြစ်စေရန် အတွက် Regent Education မှ ချီးမြှင့်မယ့် Samsung Tablet ကို ပိုင်ဆိုင်နိုင်မယ့် အခွင့်အရေး၊ သြစတြေးလျနိုင်ငံရဲ့ Group of Eight တက္ကသိုလ်များမှ ကျောင်းတာဝန်ခံများနဲ့ Online မှ တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးနိုင်မယ့် အခွင့်အရေး၊ COVID အလွန် New Normal Life မှာ သြစတြေးလျနိုင်ငံရဲ့ သင်ကြားမှုစနစ်ကို သိရှိနိုင်မယ့် အခွင့်အရေးများကို ရရှိနိုင်မှာဖြစ်ပါတယ်။

ပွဲတက်ရောက်လိုသူတွေ အနေနဲ့ https://bit.ly/3a5A4gA မှာစာရင်းပေးသွင်း တက်ရောက်နိုင်ပါတယ်။ အသေးစိတ်ကို Regent Consultancy Services Co., Ltd (Yangon) ဖုန်း- ၀၉-၅၀-၁၉၈၇၀၊ ၀၉-၇၈၅၀-၁၉၈၇၀ သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

-သန္တာ

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««