ViewSonic X10-4K UHD Short Throw Portable Smart LED Projector

ရုပ်ရှင်၊ ဂိမ်းနဲ့ Streaming စတာတွေအတွက် ရုပ်ထွက် ကောင်းမွန်တဲ့ ViewSonic X10-4K UHD Short Throw Portable Smart LED Projector ဖြစ်ပါတယ်။ ဖုန်း၊ တက်ဘလက် စတာတွေနဲ့ တိုက်ရိုက် ချိတ်ဆက် အသုံးပြုနိုင်သလို အသုံးပြုသူရဲ့ မျက်လုံးကိုလည်း လုံခြုံမှုရှိအောင်နဲ့ သက်သောင့်သက်သာရှိအောင်် ဖန်တီးထားပါတယ်။ Harman Kardon Speakers ကို Built-in အနေနဲ့ ထောက်ပံ့ပေးထားတဲ့အတွက် အသံထွက်ပိုင်းကောင်းမွန်ပါတယ်။

ထိန်းချုပ်မှုတွေအတွက် Smart Functionality + Voice Control ထောက်ပံ့ပေးထားတာကြောင့် Amazon Alexa & Google Assistant ကနေ အသံနဲ့စေခိုင်းနိုင်မှာ ဖြစ်ပါတယ်။ Native Resolution က 3840×2160 အထိ ရရှိနိူင်ပြီး Brightness (LED Lumens)က 2400 LED Lumens အထိ ရရှိမှာဖြစ်ပါတယ်။LED နည်းပညာကို အသုံးပြုပြီး အနီရောင်၊ အစိမ်းရောင် နဲ့ အပြာရောင် LED မီးအရင်းအမြစ်တွေနဲ့ ပေါင်းစပ်ကာ အရောင်များ၊ တောက်ပမှုများကို ထိရောက်အောင်လည်း မြှင့်တင်ပေးထားပါတယ်။ နာရီပေါင်း ၃၀၀၀၀ အထိ မှုန်ဝါးခြင်းမရှိဘဲ တောက်ပတဲ့ ပုံရိပ်တွေကို ထင်ထင်ရှားရှား ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ Image Size ကို ၃၀ လက်မကနေ ၂၀၀ လက်မ အထိ ချဲ့နိုင်ပါတယ်။ Contrast Ratio က 3000000:1 ရနိုင်ပါတယ်။ Local Storage အနေနဲ့ Total 16GB ပါဝင်ပါတယ်။ ချိတ်ဆက်မှုအတွက် Input မှာ Audio-in (3.5mm): 1, HDMI: 2 (HDMI 2.0, HDCP 1.4/2.2), SD Card: Micro SD (64GB, SDXC), USB Type C: 1 (5V/ 2A), USB Type A: 2(USB 3.0 Reader-1,USB 2.0 Reader-1,share with power), RJ45 Input: 1 (Internet & Alexa control), WiFi Input: 1 (5Gn), Bluetooth Input: 1 (BT4.0 / audio in) တို့ပါဝင်လို့ Mobile Devices တွေနဲ့ တိုက်ရိုက် ချိတ်ဆက်နိုင်မှာပါ။

ViewSonic Myanmar ဖုန်း – ၀၉ ၂၅၂၀၈ ၂၇၀၀ (ရန်ကုန်) နဲ့ ၀၉ ၇၃၁၀၃ ၀၅၁ (မန်း) ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««