ViewSonic WoodPad 7 & 10

စက္ကူတစ်ရွက်ပေါ်မှာ ဘောပင်တစ်ချောင်းနဲ့ရေးဆွဲရသလို ရသမျိုးပေးစွမ်းနိုင်မယ့် Viewsonic WoodPad 7 နဲ့ WoodPad 10 ပြည်တွင်းစျေးကွက်အတွင်း ၀င်ရောက်လာပါတယ်။ Designer တွေနဲ့ အခြား Digital အနုပညာရှင်‌ တွေအတွက် အထူးပြုလုပ်ထားတဲ့ စွယ်စုံပုံဆွဲပြားတစ်ခု ဖြစ်ပါတယ်။ Photoshop, Illustrator, Clip Studio Paint နဲ့ များစွာသော Graphic Design Software တွေနဲ့ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။Viewsonic WoodPad 7 ကတော့ မျက်နှာပြင်အရွယ်အစား ၇ လက်မရှိပြီး Viewsonic WoodPad 10 ကတော့ မျက်နှာပြင်အရွယ်အစား ၁၀ လက်မ ရှိပါတယ်။ ပါးလွှာတဲ့အတွက် ကျောပိုးအိတ်၊ ဘေးလွယ်အိတ်ထဲ အလွယ်တကူ သယ်ဆောင်သွားနိုင်ပါတယ်။ WoodPad က သဘာဝ ဝါးနဲ့ပြုလုပ်ထားတာကြောင့် သဘာ၀ စာမျက်နှာပေါ် ရေးဆွဲနေတဲ့အတိုင်း ထိတွေ့ခံစားနိုင်မှာပါ။ Windows OS ရော Mac OS မှာပါ Plug & Play တပ်ဆင် အသုံးပြုနိုင်ပါတယ်။ Pen အနေနဲ့ 4096 Pen Pressure Level အထိ အဖိအဖော့နဲ့ ဆွဲနိုင်ပြီး 60 ဒီဂရီအထိ အတိမ်းအစောင်း အနေအထားနဲ့ ဆွဲနိုင်တဲ့အတွက် မိမိစိတ်ကြိုက် ကောက်ကြောင်းတွေ ရနိုင်မှာပါ။

စျေးနှုန်းကတော့ Viewsonic WoodPad 7 အနေနဲ့ 75 USD နဲ့ ညီမျှတဲ့ မြန်မာငွေနဲ့ ရောင်းချပေးမှာ ဖြစ်ပြီး Viewsonic WoodPad 10 ကတော့ 100 USD နဲ့ ညီမျှတဲ့ မြန်မာငွေနဲ့ ရောင်းချပေးမှာပါ။ Viewsonic Myanmar ဖုန်း – ၀၉ ၂၅၂၀၈ ၂၇၀၀ (ရန်ကုန်) နဲ့ ၀၉ ၇၃၁၀၃ ၀၅၁ (မန်း) ကို ဆက်သွယ်၀ယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ