Viewsonic VX2718-PC-MHD Curved Gaming Monitor

Viewing Angles အနေနဲ့178º horizontal, 178º vertical အထိ ကြိုက်တဲ့ရှုထောင့်ကနေ ကြည့်တဲ့အခါမှာ အရောင်မှားယွင်းမှု မရှိတဲ့ မော်နီတာဖြစ်ပါတယ်။

မြင့်မားသော 165Hz Refresh Rate အနေနဲ့ ချောမွေ့တဲ့ ကာတွန်းရုပ်ပုံ တွေကို အနည်းဆုံး input lag ဖြင့်ပြုလုပ်ပေးနိုင်ခြင်း၊ Adaptive Sync ဟာ gaming ကစားရန် အတွေ့အကြုံအတွက် screen tearing နဲ့ stutter ကို လုံးဝ ဖယ်ရှားပေးနိုင်ခြင်း အပြင် 1ms MPRT တုံ့ပြန်မှုအချိန်နဲ့ အမြန်နှုန်းကိုရရှိစေမှာ ဖြစ်ပါတယ်။ ViewSonic ရဲ့ သီးသန့် ViewMode ကြိုတင်တပ်ဆင်ထားပြီး ရုပ်မြင်သံကြားကြည့်ရှုခြင်း၊ တည်းဖြတ်ခြင်း သို့မဟုတ် ဗီဒီယိုဂိမ်းများကစားခြင်း ကဲ့သို့သော ကွဲပြားသောအိမ်ဖျော်ဖြေရေးလုပ်ငန်းသုံးများမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။မျက်နှာပြင်အရွယ်အစား ၂၇ လက်မ ရှိပြီး Full HD (Resolution 1920 x 1080) မြင်ကွင်းကျယ်ကိုမှ Panel Type ကို VA Technology နည်းပညာ ထောက်ပံ့ပေးထားပါတယ်။ အသံထွက်ကောင်းမွန်တဲ့2 Watt Dual Speaker နှစ်လုံး ပါ၀င်ပါတယ်။ Static Contrast Ratio က 4,000:1 (typ) ဖြစ်ပြီး Dynamic Contrast Ratioက 80M:1 ဖြစ်တဲ့အတွက် အရောင်ကွဲပြားမှုကို အသေးစိတ် ခံစားရရှိမှာ ဖြစ်ပါတယ်။။ Panel Surface အနေနဲ့လည်း Anti-Glare, Hard Coating (3H) ထပ်မံအုပ်ပေးထားပါတယ် ။ Connectivity Flexibility အတွက် HDMI / VGA / Display Port ပါရှိတဲ့ 27″ Full HD LCD Monitor -Flicker-Free Technology နဲ့ Blue Light Filter နည်းပညာကို ထပ်မံ ဖြည့်သွင်းထားတဲ့အတွက် မျက်စိအမြင် ညောင်းညာမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။ လျှပ်စစ်စားသူံးမှုလည်း နည်းပါးပြီး မြန်မာပြည် ရာသီဥတုနဲ့လည်း ကိုက်ညီမှု ရှိပါတယ်။အရွယ်အစားက 611 x 475 x 225mmဖြစ်ပြီး 3.9kg လေးပါတယ်။

ကန်ဒေါ်လာ 300u$D နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။ Viewsonic Myanmar ဖုန်း – ၀၉ ၂၅၂၀၈ ၂၇၀၀ (ရန်ကုန်) နဲ့ ၀၉ ၇၃၁၀၃ ၀၅၁ (မန်း) ကို ဆက်သွယ်၀ယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««