ViewSonic VX 2776-SH 27″ IPS Monitor

ViewSonic အမှတ်တံဆိပ် VX 2776-SH မော်ဒယ် ၂၇ လက်မအရွယ် IPS Monitor ဖြစ်ပါတယ်။ ViewMode မှာ Game, Movie, Web, Text, Mono နဲ့ Mac ဆက်တင်တွေပါဝင်ပြီး ပါးလွှာတဲ့ Monitor တစ်လုံးဖြစ်ပါတယ်။

အကောင်းဆုံးကြည့်ရှုနိုင်ဖို့ အတွက် gamma curve၊ color temperature, contrast နဲ့ brightness ကိုလည်း အထူးတိုးမြှင့်ပေးထားပြီး SuperClear IPS panel နည်းပညာ အသုံးပြုထားတဲ့ မော်နီတာဖြစ်တာကြောင့် အထက်၊အောက်၊ ရှေ့၊ ဘေးဘက်မှ မြင်ကွင်းကို ကြည့်တဲ့အခါမှာ တူညီတဲ့ ရုပ်ပုံအရည်အသွေးကို ရရှိစေမှာ ဖြစ်ပါတယ်။ မျက်နှာပြင်အရွယ်အစား၂၇ လက်မ. ရှိပြီး Resolution: Full HD 1920 x 1080 ရရှိနိုင်မှာ ဖြစ်ပါတယ်။ Panel Type ကတော့ IPS ဖြစ်ပါတယ်။ Anti-Glare, Hard Coating (3H) Anti-Glare, Hard Coating (3H)ကိုလည်း ထပ်မံအုပ်ပေးထားတဲ့အတွက် မျက်လုံးသက်သာစေမှာဖြစ်ပါတယ်။ Brightness က 250 cd/m2 (typ) အထိ ရရှိနိုင်ပါတယ်။ Display Colors အနေနဲ့ 16.7M ရှိပြီး Dynamic Contrast Ratio အနေနဲ့ 80M:1 အထိ စွမ်းဆောင်နိုင်မှာပါ။ Connector အနေနဲ့ VGA: 1, 3.5mm Audio Out: 1 HDMI 1.4: 2, Power in: 3-pin Socket (IEC C14 / CEE22) တို့ပါဝင်ပါတယ်။ ViewSonic Myanmar ဖုန်း – ၀၉ ၂၅၂၀၈ ၂၇၀၀ (ရန်ကုန်) နဲ့ ၀၉ ၇၃၁၀၃ ၀၅၁ (မန်း) ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ