ViewSonic Monitor

ViewSonic အမှတ်တံဆိပ် VA2261-2 မော်ဒယ် Monitor ဖြစ်ပါတယ်။ Flicker-free နဲ့ Blue Light နည်းပညာတွေပါဝင်တဲ့အတွက် ဂိမ်းကစားခြင်း၊ ရုပ်ရှင်ဖျော်ဖြေရေး အစီအစဉ်တွေနဲ့အပန်းဖြေခြင်း၊ ရုံးအလုပ်တွေကို တစ်နေ့လုံး လုပ်ကိုင်ခြင်းတွေ အတွက် မျက်စိပင်ပန်းခြင်းမရှိဘဲ အချိန်ကြာကြာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

မျက်နှာပြင်အရွယ်အစား၂၂ လက်မ ရှိပြီး 1920×1080 Full HD Resolution နဲ့ဖြစ်ပါတယ်။ တုံ့ပြန်မှုက 5ms ဖြစ်ပါတယ်။ DVI, VGA Input တို့ပါဝင်ပါတယ်။ VESA mountable glossy finish design နဲ့ဖြစ်ပါတယ်။ Aspect Ratio က 16:9 ဖြစ်ပါတယ်။ Panel Technology က IPS, a-si TFT Active Matrix LCD ဖြစ်ပြီး Backlight Life က 20,000 Hrs. (Min) အထိ ရနိုင်မှာပါ။ Display Colors အနေနဲ့ 16.7M ရှိပြီး Contrast Ratioအနေနဲ့ 600:1(Typ) အထိစွမ်းဆောင်နိုင်မှာပါ။ အရွယ်အစားက 504.00 x 380.80 x 179.60 mm ဖြစ်ပြီး 2.64kg အလေးချိန်ရှိပါတယ်။ Viewsonic Myanmar ဖုန်း – ၀၉ ၂၅၂၀၈ ၂၇၀၀ (ရန်ကုန်) နဲ့ ၀၉ ၇၃၁၀၃ ၀၅၁ (မန်း) ကိုဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ